စလင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ



စလင်း  ၊ သြဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ် တောစိမ့်ကျေးရွာအုပ်စု တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အဆိုပါကျောင်းရှိ ဟောပြောပွဲခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောစိမ်းကျေးရွာအုပ်စု တပ်တွင်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမာဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်းက ကျောင်းသား၊ ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များ ပြင်ပဗဟုသုတများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဥ်မှ ပါဝင်သည့် ရေရရှိမှုခက်ခဲခြင်း သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ ကမ္ဘာကြီးပူနွေးလာ၍ ရာသီဥတုပြောင်းလဲလာမှုများမှ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် စိုက်ပျိုးသီးနှံများပျက်စီးခြင်း မုတ်သုန်အဝင်နောက်ကျခြင်း မိုးလယ်ကာလ မိုးပြတ်ရက်နည်းခြင်း၊ မုတ်သုန်အထွက်စောခြင်း၊ အပူအအေးပြင်းထန်ခြင်း၊ ပိုးမွှားရောဂါပိုမိုကျရောက်ခြင်း သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးတုန်းပျောက်ကွယ်ခြင်း၊ တောမီးလောင်ခြင်း၊ ပိုးမွှားရောဂါကျရောက်ခြင်း တောတိရစ္ဆာန်များ ကျက်စားနားခိုရာ ပျက်စီးခြင်း၊ အပင်နှင့်တောတိရစ္ဆာန်များ ပွင့်သီးချိန်၊ ပေါက်ပွားချိန်မမှန်ခြင်း၊ မျိုးမပွားခြင်းများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမာဆွေနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)