မိုင်းယုမြို့၌ နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ပေါ်၍ မိသားစုအပိုဝင်ငွေရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ပေါ်၍ မိသားစုအပိုဝင်ငွေရရှိ




မိုင်းယု  ၊ ဩဂုတ် ၁၅


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့ရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ထွက်ရှိကာ ခူးဆွတ်ရောင်းချရာမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

နှင်းသီး(ခ)ကြောင်မျက်လုံးသီးမှာ ကဆုန်လဆန်းပိုင်းကနေ စတင်ဖူးပွင့်၍ အသီးလိုက်ပြီး (၃)လအကြာ ဝါဆိုလအတွင်း ရင့်မှည့်ကာ ခူးဆွတ်စားသုံးနိုင်ပြီး အခိုင်အတွဲလိုက်သီးသည့် အပင်ကြီးမျိုးဖြစ်ကြောင်း၊ အသီးမှာ လုံးဝန်း၍ ချိုသည့်အရသာကို ခံစားရကာ အခွံပါးလွှားပြီး အညှိရောင်ရှိကြောင်း၊ ယင်းအခွံအောက်တွင် ချိုမြိန်သည့် မထူမပါး အဖြူအကြည်ရောင်ရှိသည့်အသားကို စားသုံးရပြီး ၎င်းအောက်တွင် အမည်းရောင်ရှိသည့် အစေ့ကို တွေ့မြင်ရမည်ဖြစ်ပြီး မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဒေသမျိုးသာ အများဆုံးတွေ့ရပြီး ယိုးဒယားမျိုးကို အနည်းအကျဉ်းသာ စိုက်ပျိုးထားကြကြောင်း ဒေသမျိုးမှာ အလုံးသေး၍ ယိုးဒယားများမှာ အလုံးပိုကြီးလျက်ရှိသည်။

အဆိုပါ အပင်များကို မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့ရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ခြံဝင်းတွင် အရိပ်ရအပင်ဖြစ် အနည်းငယ်စီသာ စိုက်ပျိုးထားကြပြီး  အသီးသီးလျှင်လည်း ခူးဆွတ်၍ရောင်းချကာ မိသားစုအတွက် တစ်ဖက်လမ်းမှာ အပိုဝင်ငွေရရှိပါကြောင်း၊ ယင်းနှင်းသီး(ခ)ကြောင်မျက်လုံးသီးအမှည့်ကိုစည်းကာ တစ်စီးလျှင် ကျပ်ငွေ (၁၀၀၀)ထိရရှိပြီး ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသည့် ဒေသခံတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။


ကိုကိုနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)