အမေရိကန်အစိုးရက Intel ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းခန့်အား ဝယ်ယူ၍ အစုရှယ်ယာရှင်ကြီး ဖြစ်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်အစိုးရက Intel ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းခန့်အား ဝယ်ယူ၍ အစုရှယ်ယာရှင်ကြီး ဖြစ်လာ



ဆန်ဖရန်စစ္စကို၊ ဩဂုတ် ၂၃ 

အမေရိကန် ချိ(ပ်) ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် အမေရိကန်အစိုးရနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း ဩဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်အစိုးရက Intel သာမန်အစုရှယ်ယာ ပိုင်ဆိုင်မှုတွင် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ အစုရှယ်ယာ ၉.၉ ရာခိုင်နှုန်းအား ဝယ်ယူမည်ဖြစ်သည်။ အရောင်းအဝယ် အောင်မြင်စွာလုပ်ဆောင်ပြီးနောက် အမေရိကန်အစိုးရသည် Intel ၏ အစုရှယ်ယာရှင်ကြီး ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်အစိုးရ၏ အစုရှယ်ယာဝယ်ယူမည့်အရင်းအနှီးသည် ထိုမတိုင်မီ “ချိ(ပ်) နှင့် သိပ္ပံပညာ ဥပဒေ” အရ Intel အား ပေးအပ်ထားသော်လည်း မပေးချေရသေးသည့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနှင့် အမေရိကန်အစိုးရက အခြားသော စီမံကိန်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံမှ ရရှိခြင်းဖြစ်သည်ဟု Intel မှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အမေရိကန်အစိုးရသည် အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၂၀.၄၇ ဈေးနှုန်းဖြင့် Intel ၏ သာမန်အစုရှယ်ယာ အစုရေ ၄၃၃.၃ သန်းအား ဝယ်ယူခဲ့ကြောင်း၊ ထိုမတိုင်မီ Intel က ရရှိထားပြီးသား အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ထောက်ပံ့ငွေပါ ထည့်သွင်းပါက အမေရိကန်အစိုးရက Intel တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁.၁ ဘီလီယံဖြစ်သည်ဟု Intel က ဆိုသည်။ အရောင်းအဝယ် အောင်မြင်စွာလုပ်ဆောင်ပြီးနောက် အမေရိကန်အစိုးရသည် Intel ၏ “အကြီးဆုံးအစုရှယ်ယာရှင်များအနက် တစ်ဦး” ဖြစ်လာမည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။

အမေရိကန်အစိုးရ Intel တွင် ရင်းနှီးမြှုပ်နှံမှုသည် ကိုယ်တိုင်ပါဝင်မှုမဟုတ်သည့် အစုရှယ်ယာပိုင်ဆိုင်မှု ဖြစ်သောကြောင့် ဘုတ်အဖွဲ့ဝင်၊ စီမံအုပ်ချုပ်ခွင့်နှင့် အကြောင်းအရာ သိရှိပိုင်ခွင့်တို့အား ခံစားရမည်မဟုတ်ပေ။ အလွန်နည်းပါးသည့် အခြေအနေမှလွဲ၍ အစုရှယ်ယာရှင်များက ခွင့်ပြုပေးရန် လိုအပ်သည့်ကိစ္စရပ်များတွင် ကုမ္ပဏီဘုတ်အဖွဲ့နှင့် တစ်ပြေးညီသဘောထားရှိမည်ဟုလည်း အစိုးရက သဘောတူထားကြောင်း သိရသည်။ 


(Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)