လူတွေဟာ အပြောင်းအလဲကို မျှော်လင့်ကြတယ်။ လူတွေမျှော်လင့်တဲ့ အပြောင်းအလဲက အကောင်းဘက်ကို ဦးတည်လေမလားဆိုတဲ့ အထင်နဲ့ အပြောင်းအလဲတစ်ခုကို တမ်းတကြခြင်းဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်တိုင်း အကောင်းဘက်ကို ဦးတည်တာတော့ မဟုတ်ပါဘူး။ အဆိုးကနေ အကောင်းဘက်ကို ပြောင်းလဲလာတာ ရှိသလို၊ အကောင်းဘက်ကနေ အဆိုးဘက်ကို ဦးတည်သွားတာလည်း ရှိတတ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲသမိုင်းမှာ သမ္မတဂျော့ဘုရှ် လက်ထဲကနေ အိုဘားမား က အပြောင်းအလဲ (Change) ဆိုတဲ့ စကားတစ်လုံးနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမေရိကန်သမ္မတ ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲကတိကဝတ်နဲ့အညီ အပြောင်းအလဲတချို့ ဆောင်ရွက်ခဲ့ပေမယ့် အမေရိကန်နိုင်ငံရေးသမိုင်းမှာ ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်သွားတာမျိုးတော့ မရှိခဲ့ပါဘူး။
အိုဘားမားရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ပုဒ်ကိုပဲ အသုံးပြုပြီး မြန်မာပြည်မှာ ပြည်ဖျက်ပါတီ NLD က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ သူတို့တွေက အမေရိကန်ကို စံထားပြီး မြန်မာပြည်ကို အမေရိကန်ပုံစံမျိုး ပြောင်းလဲချင်တဲ့ ရည်ရွယ်ချက်ကောင်းတော့ ရှိပါလိမ့်မယ်။ သို့သော် သူတို့မှာ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်မရှိဘူး။ အမေရိကန်နိုင်ငံရေးမှာက အပြန်အလှန်ထိန်းကျောင်းမှုနဲ့ အမေရိကန်အကျိုးစီးပွားကို ကာကွယ်မယ့် နိုင်ငံရေးသမားကောင်းတွေ ရှိတယ်။ အမေရိကန်ရဲ့ အပြောင်းအလဲ က အမျိုးသားအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် လုပ်မယ့် အပြောင်းအလဲမျိုးမဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး လုပ်ဆောင်တဲ့ အပြောင်းအလဲမျိုးဆိုတာကို ပြည်ဖျက်ပါတီ NLD ဦးဆောင်သူတွေ မလေ့လာမိကြဘူး။
အမေရိကန်နိုင်ငံကို ဒီမိုကရက်တစ်တွေ ဦးဆောင်တဲ့အချိန်မှာ ကမ္ဘာအရပ်ရပ်ကို LGBT Right ၊ လွတ်လပ်စွာ ပြောင်းရွှေ့အခြေချနေထိုင်ခွင့် အစရှိတဲ့ ကိစ္စတွေကို ငွေကုန်ကြေးကျခံပြီး စမ်းသပ်ခဲ့တဲ့ ပြဿနာတွေ ရှိတယ်။ သူတို့ရဲ့သြဇာခံအစိုးရတွေ ဖြစ်စေဖို့ စနစ်တကျ လုပ်ဆောင်တာမျိုးတွေ ရှိတယ်။ စမ်းသပ်ခံရတဲ့အထဲ မြန်မာနိုင်လည်း ပါဝင်ခဲ့တယ်။
မြန်မာပြည်ကို စမ်းသပ်တဲ့နေရာမှာ အမေရိကန်ရဲ့ သြဇာခံဖြစ်ချင်နေတဲ့ အနောက်ယိမ်း ပြည်ဖျက်ပါတီ NLD နဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးပြီး LGBT Right အတွက် လှုပ်ရှားခိုင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရတယ်။ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုးတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ မြန်မာနိုင်ငံသားအများစုကိုးကွယ်ရာ ဘာသာ သာသနာကို ထိပါးစော်ကားတဲ့ လုပ်ရပ်မျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာရတယ်။ ပြည်ဖျက်ပါတီ NLD နဲ့ အပေါင်းအပါတွေကလည်း ငွေရရင် ဘာမဆိုလုပ်တယ်ဆိုတဲ့ အတန်းအစားတွေ ဖြစ်လာတယ်။ မီဒီယာတွေကို ငွေကြေးထောက်ပံ့ပေးပြီး အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခိုင်းတယ်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ မြန်မာပြည်အတွင်း ပြန်လည်ခြေချခွင့်ပြုခဲ့တဲ့ DVB, Mizzima, The Irrawaddy အစရှိသော မီဒီယာများနဲ့ DVB ကနေ ခွဲထွက်လာတဲ့ မီဒီယာအများစုဟာ ပြည်ပအထောက်အပံ့ကို မျှဝေရယူပြီး ငွေကြေးပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အလိုကျ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုတွေကို တစ်ဖက်သတ် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေသူတွေ ဖြစ်လာကြပါတယ်။
ပြည်ဖျက်ပါတီ NLD ဟာ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုင်းပြည်အာဏာကို ရယူခဲ့ပေမယ့် အပြောင်းအလဲ လုပ်နိုင်တဲ့ စွမ်းရည်မရှိတဲ့အခါကြတော့ နိုင်ငံခြားသားအကြံပေးတွေ ငှားရမ်း မလုပ်သင့်တဲ့ အလုပ်တွေကို လုပ်လာတဲ့အခါကြတော့ အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်းအလဲ ဖြစ်မလာဘဲ တိုင်းပြည်ဆုတ်ယုတ်ပျက်ပြားလာခဲ့ပါတယ်။ ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှုတွေ လျော့ကျလာပြီး ပြည်ပအထောက်အပံ့တွေကိုလည်း အများပြည်သူကောင်းကျိုးအတွက် အသုံးချခြင်းမျိုးမဟုတ်ဘဲ ဒေါ်စု၊ ဦးဝင်းမြင့်တို့ အပါအဝင် ပြည်ဖျက်ပါတီ NLD က အစိုးရတာဝန်ယူထားချိန်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ဖျက်ပါတီ NLD ခေါင်းကြီးပိုင်းများ ဝေမျှ ခိုးယူတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
တာဝန်နဲ့ လုပ်ပိုင်ခွင့် ဟာ ကိုယ်ကျိုးရှာလို့ ကောင်းလွန်းတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာသက်ဆိုးရှည်ဖို့ကို မဲလိမ်မဲခိုးမှုတွေ အလွန်အကျူးလုပ်ခဲ့တယ်။ မဲလိမ်မဲခိုးလုပ်ရပ်တွေကို ပြိုင်ဘက်ပါတီအဖွဲ့အစည်းတွေက သိရှိပြီး ဖြေရှင်းဖို့ တောင်းဆိုတဲ့အခါကြတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတော့ဘူး။ လိမ်ညာဖုံးကွယ်ပြီး တတိယအကြိမ် လွှတ်တော်ကို ဇွတ်ခေါ်ဖို့ စီစဉ်ခဲ့ရာက တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့ရပါတယ်။
ပြည်သူလူထုက ချစ်လှပါရဲ့၊ ကြိုက်လှပါရဲ့ ဆိုတဲ့ ဒေါ်စု ဦးဆောင်တဲ့ NLD ပါတီကို ၅နှစ် အာဏာပေးအပ်လိုက်ခြင်းဟာ မြန်မာပြည်ရဲ့ အတွင်းစည်း ကျိုးပေါက်တဲ့ အဖြစ်မျိုး ကြုံခဲ့ရပါတယ်။ နိုင်ငံခြားသာ အကြံပေးတွေဟာ ဒေါ်စု၊ ဦးဝင်းမြင့်တို့နဲ့ အနီးကပ်ရှိနေပြီး မြန်မာပြည်ရဲ့ အတွင်းရေးမှန်သမျှ ရိုက်စစ်စရာ မလိုဘဲ ရယူသွားနိုင်ခဲ့ပါတယ်။ သဘောကတော့ ပြည်ဖျက်ပါတီ NLD က တိုင်းပြည်ကို ၅နှစ် အုပ်ချုပ်သွားခြင်းဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို CIA လက်ထဲ ထိုးအပ်လိုက်ရသလိုပဲ။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ဦးဆောင်တဲ့ အနောက်အုပ်စုလက်ထဲ ပြန်လည်ကျရောက်သွားတဲ့ သဘောမျိုး ဖြစ်ခဲ့ရတာပါပဲ။
ပြည်ဖျက်မိစ္ဆာတွေက ဤမျှနဲ့ အားမရနိုင်ဘူး။ သူတို့ရဲ့ မဲလိမ်မဲခိုးလုပ်ရပ်ကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရတဲ့ ဖြစ်စဉ်မှာ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ် မဲလိမ်မဲခိုးမှုကြီးကို ဖုံးကွယ်ထားပြီး တပ်မတော်က အာဏာလုယူပါတယ်လို့ ခေါင်းစဉ်တပ်ကာ လူထုကို လှုံ့ဆော်ပါလေရော။ ပြည်ပအထောက်အပံ့ရယူထားတဲ့ မီဒီယာအင်အားကလည်း ကောင်းလွန်းမက ကောင်းနေတော့ လူထုဟာ သတင်းအဆိပ်သင့်ပြီး ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို နားယောင်ကာ ဆူပူဆန္ဒပြမှုများမှသည် အကြမ်းဖက်လမ်းစဉ်ပေါ်ကို ရောက်ရှိလာကြပါတယ်။
ပြည်ဖျက်ပါတီ NLD နဲ့ အပေါင်းအပါအဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ က အကြမ်းဖက်လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ရာမှာ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားမိသားစုဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများကို ပစ်မှတ်ထားပြီး အကြမ်းဖက်လှုပ်ရှားမှုကြီး ဖော်ဆောင်ခဲ့ကြတယ်။ ပြည်ဖျက်ပါတီ NLD ကို ထောက်ခံအားပေးမှု အင်အားကောင်းတဲ့ မြို့နယ်၊ ကျေးရွာတွေမှာ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့သူတွေကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုတွေက နေ့စဉ်နေ့တိုင်းလိုလို နိုင်ငံအဝှမ်းမှာ ဖြစ်ပေါ်လာပါတယ်။ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ပြည်ဖျက်ပါတီ NLD ကနေ ပေါ်ပေါက်လာတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် နေ့စဉ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၆)ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
တချို့သော ရပ်ရွာတွေမှာ ဆရာတော်သံဃာတော်တွေက အကြမ်းဖက်ဘေးဒဏ်ကို ခံနေရတဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့တယ်။ ဒီအထဲမှာ ကန့်ဘလူမြို့နယ်က ၅၅၀ ဆရာတော် ဦးဝါသဝလည်း ပါဝင်ပါတယ်။ ဦးဝါသဝ ဟာ အနယ်နယ်အရပ်ရပ်က အကြမ်းဖက်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးရင်း က ပြည်သူ့စစ်သင်တန်းပေး၊ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီး ကာကွယ်စောင့်ရှောက်ကြဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
အကြမ်းဖက်အဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆရာတော် ဦးဝါသဝ မိန့်ကြားခဲ့တာကို စာရေးသူရဲ့ ခေါင်းထဲမှာ ဘယ်တော့မှ မေ့ပျောက်မသွားပါဘူး။ အကြမ်းဖက်ဘေးနဲ့ အဆိုးဆုံး ရင်ဆိုင်နေရတဲ့ အချိန်မှာ ဆရာတော် မိန့်ကြားခဲ့တာက (ကိုင်းဖျား ကိုင်းနားတွေကို လိုက်ခုတ်နေလို့ ဒီပြဿနာက မပြီးဘူး။ ပင်စည်ကို ချိုင်မှ ရမယ်) လို့ မိန့်ခဲ့ပါတယ်။ အဲဒီလိုသာ လုပ်မယ်ဆိုရင် အကြမ်းဖက်လှုပ်ရှားမှုဟာ ၂လ၊ ၃လအတွင်း ပြီးပြတ်သွားမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလို မိန့်ကြားရခြင်းက စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ လှုပ်ရှားနေတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို KIA က ဦးဆောင်နေတယ်။ KIA ရဲ့ စနက်ကြောင့်ပဲ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်လာတယ်။ ဒါကြောင့် KIA ဌာနချုပ်ကို ရှင်းလင်းဆောင်ရွက်ဖို့ လိုတယ်လို့ မိန့်ကြားခြင်း ဖြစ်ပါတယ်။
အကြမ်းဖက်ဘေးအန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဆရာတော် က အဲဒီလို မိန့်ကြားသည့်တိုင်အောင် တပ်မတော်အနေနဲ့က ပြင်းပြင်းထန်ထန် လုပ်တာမျိုး မရှိခဲ့ပါဘူး။ ပင်စည်ကို ချိုင်တာမျိုးလည်း မလုပ်ခဲ့ပါဘူး။ အကြမ်းဖက်လှုပ်ရှားမှုက ပိုမိုအားကောင်းလာပြီး ကောလင်းမြို့ကို သိမ်းတာမျိုး၊ ကနီမြို့ကို သိမ်းဖို့၊ တန့်ဆည်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာတာမျိုးတွေအထိ ရင်ဆိုင်ခဲ့ရပါတယ်။
အခု ၂၀၁၅ခုနှစ်၊ သြဂုတ်လ မှာ နိုင်ငံတော်အစိုးရက အပြောင်းအလဲ လုပ်ခဲ့တာလည်း ရှိတယ်။ အပြောင်းအလဲနဲ့အတူ အကြမ်းဖက်နှိမ်နင်းရေး၊ နယ်မြေရှင်းလင်းရေးကို ပိုပြီး အလေးထား လုပ်ဆောင်လာတာမျိုး တွေ့ရတယ်။ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက်ပိုင်း သပိတ်ကျင်း၊ ဗန်းမော်၊ မိုးဗြဲ၊ မတ္တရာ အစရှိသော မြို့နယ်တွေမှာ အကြမ်းဖက်နှိမ်နင်းရေးက တည်ငြိမ်အေးချမ်းမှုကို မျှော်လင့်စောင့်စားနေတဲ့ ပြည်သူတွေ ဝမ်းမြောက်စရာ အခြေအနေမျိုး မြင်လာရတယ်။
နစကအစိုးရမှ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကို အာဏာပြန်လည်လွှဲအပ်ပြီးနောက်ပိုင်း ပြည်ဖျက်မိစ္ဆာ အကြမ်းဖက် NUG အဖွဲ့က လရှီးလ၊ ဇော်ဝေစိုး၊ ရည်မွန် တို့ အကြမ်းဖက်အဖွဲ့တွေထံ သွားရောက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း တွေ့လာရတယ်။ သြဂုတ်လ၊ ဒုတိယအပတ်ထဲမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးထဲက အကြမ်းဖက်အဖွဲ့ငယ်လေးတွေရဲ့ ခေါင်းဆောင်တွေနဲ့ KIA က အကြမ်းဖက် ခေါင်းဆောင် ဂွမ်မော် တို့ တွေ့ဆုံတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ထုတ်ပြန်လာတာမျိုး တွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ထဲက PDF အကြမ်းဖက်အဖွဲ့များကို KIA ကပဲ အဓိက ချုပ်ကိုင်ထားတယ်။ PDF အကြမ်းဖက်အဖွဲ့တွေအတွက် အဓိကလိုအပ်ချက် လက်နက်၊ ခဲယမ်း က KIA ဆီကနေပဲ ရနေတယ်။
၁၀-၈-၂၀၂၅ ရက်နေ့ ပြည်ဖျက်မီဒီယာများက ဖော်ပြနေတဲ့ သတင်း၊ အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆုတောင်းစကားတွေ ရေးသားနေတာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်အောက်ပိုင်း အကြမ်းဖက်လှုပ်ရှားမှုကို အဓိက ဦးဆောင်တဲ့ KNU ဌာနချုပ်လို နေရာမျိုးကို တပ်မတော်က ရှင်းတန်သ၍တော့ ရှင်းနေတယ်လို့ ယူစရာ ရှိတယ်။
ထိုနည်းတူစွာပဲ မြန်မာပြည် တစ်ပြည်လုံး ငြိမ်းချမ်းရေးအတွက်ဆိုရင် KNU ကိုသာမက KIA ကိုပါ ရှင်းလင်းဆောင်ရွက်မှသာ တိုင်းပြည် အေးချမ်းသာယာပါလိမ့်မယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ စကားများကို ပြန်လည် ဆန်းစစ်ကြည့်မယ်ဆိုရင် နှစ်ပေါင်း (၇၀)ကျော်ကြာ လက်နက်ကိုင် လမ်းစဉ်နဲ့ ဘာမှ ထူးခြားမလာတဲ့ အခြေအနေကို ထောက်ထားပြောဆိုခဲ့တာ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး အပြုသဘောဆန်ဆန် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။
ပြည်ဖျက်မိစ္ဆာတွေကတော့ သူတို့ကို ကူညီပံ့ပိုးပေးမယ့် နိုင်ငံတွေ ရှိနေတာဖြစ်တဲ့အတွက် အပြုသဘောဆန်ဆန် ဖိတ်ခေါ်ခြင်းကို လက်မခံပါဘူး။ ဦးလှဆွေကတော့ လွှတ်တော်တွင်းမှာ ရွှေလက်ကမ်းပြီး ခေါ်လို့မရရင် ဘူးလက်နဲ့ ခေါ်ဖို့ ပြောခဲ့တဲ့ အတွက် ဘူးလက်လှဆွေ လို့ အမည်တွင်ခဲ့ရပါတယ်။ ယနေ့ တိုင်းပြည်ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်များက တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီဆိုရင်တော့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ဖြစ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အမြစ်ဖြတ်မှ ရပါမယ်။ အမြစ်ဖြတ်ဖို့ ဆိုရင်လည်း ကိုင်းဖျား ကိုင်းနားတွေကို လိုက်ခုတ်နေရုံမျှနဲ့တော့ မပြီးပြတ်နိုင်ပါဘူး။ အကြမ်းဖက်လှုပ်ရှားမှုကို အဓိက ကူညီပံ့ပိုးပေးနေတဲ့ KIA, KNU ကိုမှ မရှင်းဘဲနဲ့တော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ မျှော်လေ ဝေးလေ ဖြစ်နေမှာပါပဲ။ တပ်မတော်ခေါင်းဆောင်များက ကိုယ့်တိုင်းရင်းသား ပြည်သူများအပေါ် ညှာတာစာနာ ထောက်ထားခြင်းဟာ ကောင်းမွန်သော ရလာဒ် ထွက်ပေါ်လာပါသလား။ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက်ကို အပြုသဘောဆန်ဆန် လက်ခံပြီး လက်တွဲလာကြသူတွေနဲ့ အပြုသဘောဆန်စွာ ဆက်လက်လျှောက်လှမ်းပါ။ ရွှေလက်ကမ်းလို့ မရတဲ့ ပြည်ဖျက်မိစ္ဆာတွေအပေါ်မှာတော့ တပ်မတော်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေကို တိကျပြတ်သားသင့်ပါကြောင်း -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment