ဇမ္ဗူသီရိမြို့နယ်တွင် မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team)ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်တွင် မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team)ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ




ဇမ္ဗူသီရိ ၊  ဩဂုတ် ၁၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းတွင် မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team) ဖွဲ့စည်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ အရာရှိကြီးများနှင့် အရာရှိများ၊ ခရိုင်မှူး၊ မြို့နယ်မှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ နည်းပြ ၃ ဦးဖြင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပြီးသော သင်တန်းသား ၂၃ ဦးတို့အား ရက်သတ္တ ၄ပတ်ကြာ စာတွေ့၊ လက်တွေ့သင်ခန်းစာများ လေ့ကျင့်သင်ကြားပို့ချ‌ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တင့်ဖူးခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)