မ‌ကွေးမြို့၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မ‌ကွေးမြို့၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ



မကွေး ၊  ဩဂုတ် ၁၂


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက နိုင်ငံတာ်မှရသင့်ရထိုက်‌သော အခွန်ဘဏ္ဍာများ အပြည့်အ၀ကောက်ခံရရှိရေးအတွက် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ်လ ၉ ရက်နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက အမှာစကားပြောကြားပြီး မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးထွန်းမြင့်အောင်က တက်ရောက်လာသည့် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး အခွန်ထမ်းပြည်သူများသိလိုသည့် မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားပေးသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မကွေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


မောင်ခိုင်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)