မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာ‌ရေး ကျောင်းသား၊‌ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID (Biometric) ဆောင်ရွက်‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာ‌ရေး ကျောင်းသား၊‌ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID (Biometric) ဆောင်ရွက်‌ပေး

 



မိုင်းပျဉ်း ၊  ဩဂုတ် ၁၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID(Biometric) ဆောင်ရွက်‌ပေးခြင်းကို ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ပြုလုပ်ပေးကြောင်း သိရသည်။


မိုင်းပျဉ်းမြို့နယ်ရှိ  ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ (၂၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID(Biometric)ကောက်ယူ၍ UID ထုတ်ပေးခြင်းကို၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့်  ဝန်ထမ်းများလိုက်ပါ၍ (၁၁-၈-၂၀၂၅)ရက်နေ့က သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


နန်းသန္တာဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)