ကျိုက်မရော၌ ခဝဲသီးစီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရ၍ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော၌ ခဝဲသီးစီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရ၍ အဆင်ပြေ




ကျိုက်မရော  ၊ သြဂုတ်   ၁၂


ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ရာ မိုးရာသီခဝဲသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ယခုချိန်၌ ခဝဲသီးစျေးလည်းကောင်းသဖြင့် မိသားစုအဆင်ပြေလျက်ရှိနေကြောင်းသိရသည်။

ခဝဲသီးသည် စားဖိုဆောင်သီးနှံတစ်ခုဖြစ်ပြီး အိမ်ရှင်မများအကြိုက်လည်းဖြစ်ကာ စိုက်ပျိုးရလည်းလွယ်ကူသဖြင့် ခြံဝင်းကျယ်ရှိသူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ ခဝဲသီးကို မိုးရာသီမိုးများသည့် ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး ရက်ပေါင်းငါးဆယ်အကြာတွင် စိမ်းလန်းဖွံထွားသောခဝဲတောင့်များ စင်အပြည့်သီးလာကြောင်း၊ ခဝဲသီးကိုအထွက်နှုန်းကောင်းစေရန် သဘာဝမြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ တီစူပါစသည့်မြေသြဇာများ အပွင့်များလှိုင်လှိုင်ပွင့်ချိန်၌ ကျွေးရပြီး အသီးများပိုးမကျစေရန် ပိုးသတ်ဆေးဖြန်းပေးရပြီး ပျားပိုးကောင်လေးများအန္တရယ်မှကာကွယ်ရန် ပျားဆေးဖြန်းပေးရကြောင်း ခဝဲသီးတစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချသူ ဒေါ်ခင်မာချိုထံမှသိရသည် ။

ခဝဲသီးတစ်ဧကစိုက်ပျိုးလျှင် အပင် ၈၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီးစင်ကောင်းကောင်းဆောက်ပေးရပြီး ခဝဲသီး သီးချိန်တွင် စင်အပြည့်သီးကာ တစ်ပတ်လျင်တစ်ကြိမ်ခူးရကြောင်းခဝဲသီးတစ်ထောင့်ကို ရှစ်ရာကျပ်မှတစ်ထောင်ထိရောင်းချရကြောင်း ယခုချိန်၌ရာသီစာခဝဲသီးများလှိုင်လှိုင်ထွက်ရှိကာ စျေးကောင်းရသဖြင့် စိုက်ပျိုးသူများမိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေကြကြောင်း သိရသည်။


မိချို(ကျိုက်မရော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)