ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၁၈၂၃) ဦးအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၁၈၂၃) ဦးအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး


ငပုတော၊ ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မိုးလုံ‌လေလုံအားကစားခန်းမတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားလက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ငပုတောမြို့နယ်‌ ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးအောင်ကိုကိုလတ်က  မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြ စမ်းသပ်မဲ‌ပေးနည်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းကာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်းအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက်အခမ်းအနား တက်ရောက်လာသော ဒေသခံပြည်သူ ၁၈၂၃ ဦးတို့က မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)