ဩဂုတ် - ၁၉ ( အင်္ဂါနေ့ )
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးနှင့် စစ်ရေးစွမ်းရည်များ ထူးထူးခြားခြား ဖွံ့ဖြိုးတိုးတက်လာနေပါတယ်။ စစ်ဘက်ဆိုင်ရာ သွင်းကုန်များနဲ့ နည်းပညာများနဲ့ ပတ်သက်ပြီး နိုင်ငံခြားကို အကြီးအကျယ် မှီခိုနေရတာကို ပြည်တွင်းထုတ်များနဲ့ ဖြည့်တင်း နိုင်အောင်လုပ်လာပါတယ်။
အဲ့ဒိအပြောင်းအလဲမှာ ပြည်တွင်းထုတ် အဆင့်မြင့်တိုက်လေယာဉ်များ၊ ဖရီးဂိတ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘောများ၊ အသံထက်မြန်တဲ့ဒုံးပျံများ နဲ့ မောင်းသူမဲ့စနစ်များ အပါအဝင် နယ်ပယ်အများအပြားတွင် မကြာသေးမီက နည်းပညာဆိုင်ရာအောင်မြင်မှုတွေ ရလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်က ဉာဏ်ရည်တု (AI)ကို အသုံးပြုပြီး အနာဂတ်စစ်ပွဲများနဲ့ပတ်သက်ပြီး ကွဲပြားတဲ့အမြင်တွေကို ထုတ်ခဲ့ပါတယ်။ အဲ့လိုလုပ်ဖို့အတွက်လည်း နိုင်ငံခြားစစ်တစ်ခုဖြစ်လာရင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အမြင်တွေကို နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ နဲ့ ပေါင်းစပ်ပြီး အေအိုင်ထဲကို အချက်အလက်တွေ ထည့်ခဲ့ပြီး ပေါင်းစပ်ဉာဏ်ရည်ဉာဏ်သွေးကို မြင့်တင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။
တရုတ်တွေရဲ့ စစ်ရေးဆိုင်ရာ တိုးတက်မှုက ဝါရှင်တန်နှင့် ၎င်းရဲ့မဟာမိတ်များအတွက် အချက်ပေး ခေါင်းလောင်းထိုးလိုက်သလို ဖြစ်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ စစ်ဘက်ဆိုင်ရာ စီမံချက်ရေးဆွဲသူများက တရုတ်နိုင်ငံကို ထိန်းချုပ်ရန်၊ မဟာမိတ်ဖွဲ့စည်းပုံများကို ချဲ့ထွင်ရန်နှင့် လက်နက်တည်ဆောက်မှုကို အရှိန်မြှင့်ရန် အရင်းအမြစ်အသစ်များကို စုဆောင်းခဲ့ကြပါတယ်။ ရလဒ်ကတော့ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာစေခဲ့ကာ လုံခြုံရေးအကျပ်အတည်းများ နဲ့ လက်နက်ပြိုင်ပွဲများရဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးလျက်သားဖြစ်နေပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ တရုတ်စစ်ရေးလမ်းကြောင်းအပေါ် အကဲဖြတ်မှုများက လွဲမှားနေပါတယ်။ သူတို့က "တရုတ်ခြိမ်းခြောက်မှု" လို့ခေါ်သော ဇာတ်လမ်းတစ်ခုကို ဖန်တီးချဲ့ထွင်ပြီး ဘေဂျင်း၏ လုပ်ရပ်များကို ဘောင်ခတ်လေ့ရှိပါတယ်။
လက်တွေ့မှာကတော့ တရုတ်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ခေတ်မီရေးနဲ့ တရုတ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှု တိုးချဲ့ရေးကို လုပ်နေတာပဲ ဖြစ်ပါတယ်။ အမှန်တကယ်တော့ တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်က အခြားစစ်အင်အားကြီးနိုင်ငံများ အထူးသဖြင့် အမေရိကန်နဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ နောက်ကျကျန်နေသေးပါတယ်။ တရုတ်က ကမ္ဘာ့စီးပွားရေး နဲ့ နိုင်ငံရေး အလေးချိန် က အချိုးမညီဘဲ ရှိနေပါသေးတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်းရဲ့ရာထူးသက်တမ်းအစမှစပြီး ဘက်စုံစစ်ရေးပြုပြင်ပြောင်းလဲရေးကို ဗဟိုဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်တွေမှာ စက်ကိရိယာများ ခေတ်မီစေရုံသာမက ထိရောက်မှုတိုးမြှင့်ရန် နဲ့ အမိန့်ပေးဖွဲ့စည်းပုံများ အားကောင်းလာစေရန် ရည်ရွယ်တဲ့ ကျယ်ပြန့်သော အဖွဲ့အစည်းဆိုင်ရာနှင့် ဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုများလည်း ပါဝင်ပါတယ်။
ရှီရဲ့ ပြုပြင်ပြောင်းလဲမှုများမှာ တပ်ဖွဲ့ဝင်အရေအတွက် ၃၀၀,၀၀၀ လျှော့ချခြင်းအပါအဝင် ခြိုးခြံချွေတာမှု အစီအမံများဖြင့် စတင်ခဲ့တာကို အနောက်တိုင်းဝေဖန်သူများက မကြာခဏ လစ်လျူရှုခဲ့ကြပါတယ်။ အဲ့ဒိအစီအမံတွေက ဘေဂျင်းရဲ့ ချဉ်းကပ်မှုမှာ ပါဝါစုဆောင်းခြင်းအတွက်သာမက ပြန်လည်ပြုပြင်ခြင်း၊ ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနဲ့ ထိရောက်မှုတွေကို မီးမောင်းထိုးပြ လိုက်တာကို သတိမထားမိလိုက်တာပဲ ဖြစ်ပါတယ်။ ပြောချင်တာက လူများပြီး ပွဲမစည်ဖြစ်နေတာကို ခေတ်မီထိရောက်တဲ့ လက်နက်တွေသုံးပြီး မလိုအပ်တဲ့ အင်အားတွေကို ပယ်ထုတ်ပြီး ချွေတာလိုက်တာပဲ ဖြစ်ပါတယ်။
လက်ရှိ တရုတ်စစ်အယူဝါဒသည် ၂၀၁၇ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သော “စစ်အင်အားတောင်တင်းရန်အတွက် ရှီကျင့်ပင် အတွေး" ကလာတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အတွေးထဲမှာ ၂၀၄၉ ခုနှစ်ရောက်ရင် PLA ကို ကမ္ဘာ့အဆင့်မီ စစ်တပ်အဖြစ်သို့ ပြောင်းလဲပစ်ရန် နဲ့ ၂၀၂၇ မှာ အဓိကထားတဲ့ ရည်မျန်းချက်တွေကို ပြီးမြောက်အောင်လုပ်ဖို့ အတွက် ပါပါတယ်။ ဘေဂျင်းက ၂၀၂၇ မတိုင်မီ ထိုင်ဝမ်ကို ကျူးကျော်ရန် ရည်ရွယ်ထားတယ်ဆိုတဲ့ ဇာတ်လမ်းတွေကို အနောက်နိုင်ငံတွေက စစ်ဘက်ဆိုင်ရာဗျူဟာမှူးတွေက ရေးပြီး ဝါဒဖြန့်ထားတာပဲ ရှိပါတယ်။
ဒါပေမဲ့ သူတို့ရေးတဲ့ဇာတ်လမ်းက ခိုင်လုံသော အထောက်အထား မရှိဘဲ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုများ ဆက်လက်ပြုလုပ်ရန်အတွက် မြင့်မားသော စစ်အသုံးစရိတ် ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကို ချိန်တွယ်ဖို့အတွက် ကြီးကြီးမားမား အပြောင်းအလဲတစ်ခုမဖြစ်ခဲ့ပါဘူး။
တရုတ်စစ်တပ် ခေတ်မီရေးက ကျူးကျော်ရန်စရေးကို ရည်ရွယ်ထားခြင်းမဟုတ်ဘဲ ပြည်ပဝင်ရောက် စွက်ဖက်မှု ကို ဟန့်တားရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို လုံခြုံစေရန်အတွက် လုံလောက်သော ခွန်အားကို တည်ဆောက်ရန်အတွက်သာ ဖြစ်တယ် ဆိုတာပါပဲ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment