ပျော်ဘွယ်၊ ဩဂုတ် ၂၁
ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ယခင်ရွေးကောက်ပွဲနှင့် ယခုရွေးကောက်ပွဲတို့၏ ကွာခြားမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သီတာခိုင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)အကြောင်းနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်ကြပြီး မဲရလဒ်အားလက်တွေ့ သရုပ်ပြထုတ်ပြန် ကြေညာခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost



No comments:
Post a Comment