ပေါင်၊ သြဂုတ် ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံ စားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၆၉၅၄)ကျပ်၊ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး ၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများကသက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment