ဩဂုတ် - ၂၁ ( ကြာသပတေးနေ့ )
ဒီကနေ့ မနက်အစောပိုင်းမှာ မွတ်ဆလင် သောင်းကျန်းသူတွေက ကားဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် နာရသီဝပ်ခရိုင် လမ်းစစ်ဆေးရေးဂိတ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့နဲ့ တိုက်ခိုက်သူများကို ရှာဖွေရှင်းလင်းဖို့အတွက် ကြည်းတပ် နယ်မြေမှူး ဒုတိယဗိုလ်ချုပ်ကြီး ပိုင်ဆန်နှုဆန်း က အမိန့်ပေးလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ညတွင် တာ့ဘိုင်ကျေးရွာရှိ ကားလမ်းစစ်ဆေးရေးဂိတ်သို့ သောင်းကျန်းသူအဖွဲ့များ လိုက်ပါလာသော အနက်ရောင် ဆလွန်းတစ်စီးက လက်လုပ်ကားဗုံး နဲ့ ခွဲခဲ့ပါတယ်။ သောင်းကျန်းသူတွေက အပြန်အလှန် ပစ်ခတ်မှုတွေကို လုပ်ပြီးနောက်ထွက်ခွာသွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်း လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်သူများက နရာသီဝပ် ငါးလုပ်ငန်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာအနီးရှိ တစ်ဖက်လမ်းမှ ထွက်ပြေးသွားတယ်လို့ အာဏာပိုင်များက ယုံကြည်ထားပါတယ်။ ပိုင်ဆန်က ဒီနေ့မနက်ပိုင်းမှာ အဆိုပါနေရာသို့ သွားရောက်ခဲ့ပြီး သောင်းကျန်းသူလွတ်မြောက်မှုကို ဟန့်တားရန်အတွက် ပြည်နယ်အတွင်းရှိ တပ်အားလုံး၊ ရဲ နဲ့ ဒေသဆိုင်ရာ အေဂျင်စီများကို ညှိနှိုင်းဆောင်ရွက်ရန် အမိန့်ပေးခဲ့ပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost



No comments:
Post a Comment