ဗီယင်နာ၊ သြဂုတ် ၂၁
အာဆီယံ-ဗီယင်နာကော်မတီအနေဖြင့် (၅၈)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၀-၈-၂၀၂၅ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ရာ၊ အခမ်းအနားတွင် အာဆီယံ-ဗီယင်နာဥက္ကဋ္ဌဖြစ်သူ မြန်မာသံအမတ်ကြီး/ အမြဲတမ်း ကိုယ်စားလှယ် ဦးမင်းသိမ်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ကိုယ်စား မလေးရှား သံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ်က အမှာစကားပြောကြားလျက်၊ အာဆီယံနေ့တွင် မလေးရှားဝန်ကြီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်းဗီဒီယိုအတိုကို ပြသခဲ့သည်။ ထို့နောက် ဩစတြီးယားနိုင်ငံဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနအကြီးအကဲ သံအမတ်ကြီး Ms. Hannah Liko ကလည်းကောင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး (UNOV)/မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၊ အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင် အေဂျင်စီ(IAEA)၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO)နှင့် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့(CTBTO)တို့မှ ကိုယ်စားလှယ်များကလည်းကောင်း မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ ဩစတြီးယားနိုင်ငံ ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီးဌာန၊ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ သံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ်များ၊ ၎င်းတို့၏ ကိုယ်စားလှယ်များ နှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ ဗီယင်နာမြို့အခြေစိုက် အာဆီယံ သံရုံး/အဖွဲ့ရုံးများက အမျိုးသား ဝတ်စုံများဖြင့် ကပြဖျော်ဖြေလျက် ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment