သရက်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်



သရက်၊ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၃၀)နာရီက သရက်ခရိုင်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးကြမည့် မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် မဲပေးရာတွင် ဘောပင်ဖြင့် အမှန်ခြစ်ခြင်း၊ တံဆိပ်တုံးထု၍ မဲပေးခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် မဲပေးစက်သည် မြန်မာနိုင်ငံ၌ ထုတ်လုပ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ကိုက်ညီသည့် မြန်မာအီလက်ထရောနစ် ဒီဇိုင်းပုံစံကို တီထွင်ထားသည့် မဲပေးစက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သရက်ခရိုင် ဥပဒေအရာရှိ ဦးလှမြင့်က "ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ" အား အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသန့်ဇင်မင်းက မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအရာရှိနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာများ လက်တွေ့အသိပညာပေး ပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇော်ထက်(သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)