အကြမ်းဖက် MNDAA ၊ TNLA အဖွဲ့များ ကွန်ဟိန်းမြို့မှ ထွက်သွားရန် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက် MNDAA ၊ TNLA အဖွဲ့များ ကွန်ဟိန်းမြို့မှ ထွက်သွားရန် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်







ကွန်ဟိန်း၊ ဩဂုတ် ၁၈

တိုင်းရင်းသားပြည်သူများ အားလုံး၏ ဆန္ဒမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ အေးချမ်းစွာဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင် ဆောင်ရွက်နေထိုင်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အကြမ်းဖက် MNDAA နှင့် ပူးပေါင်းအဖွဲ့များ ထွက်ခွါပေးရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲအား ယနေ့(၁၈-၈-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀)နာရီခန့်က အမှတ်(၁)ရပ်ကွက်၊ ဟိတကာရီခန်းမရှေ့မှ  စတင်၍ ပြည်ထောင်စုလမ်းမကြီးတလျှောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခြင်းကို ရပ်ကွက်နှင့် ကျေးရွာများမှ  တိုင်းရင်းသားပြည်သူ စုစုပေါင်း အင်အား ၇၂၀ ဦးခန့် တို့က ရှမ်းပြည်သူလူထုအေးချမ်းစွာ နေနိုင်ရေး အကြမ်းဖက် MNDAA ၊ TLNA အဖွဲ့များရှမ်းဒေသမှ အမြန်ဆုံးထွက်ခွာပေး၊  ရှမ်းပြည်သူများ ငြိမ်းချမ်းစွာနေထိုင်ရေးနှင့် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့်  MNDAA ၊ TLNA တို့ ရှမ်းဒေသမှ အမြန်ဆုံးထွက်ခွာရန် စသည့် ဗီနိုင်း ၊ ပိုစတာ ၊  ဆောင်ပုဒ်များ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ပွဲကို အမှတ်(၃)ရပ်ကွက်၊ ရတနာသုခဘုန်းကြီးကျောင်းထိ ချီတက်ခဲ့ပြီး နံနက် (၉:၃၀)အချိန်ခန့်တွင်  ငြိမ်းချမ်းစွာ လူစုခွဲ သွားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)