ညောင်ဦး၊ သြဂုတ် ၇
ညောင်ဦးမြို့နယ်၊ ငါ့ရောက်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ အကြမ်းဖက် PDF (ပုဂံဗိုလ်ချိုတပ်ရင်းအမှတ်၅)စိုးမိုးနေသည့် ဆင်သားမွေးရွာ၊ ရွာဦးကျောင်း(မြောက်ဘက်ကျောင်ဆောင်)တွင် ကျောင်းထိုင်ယာယီတာဝန်ခံအဖြစ် သီတင်းသုံးနေသော ဦးအာစာရအား ၄.၈.၂၀၂၅ ညက အကြမ်းဖက် PDF များက ဒလံလုပ်သည်၊ ကျောင်ထိုင်တာဝန် လုယူသည်ဟူသောစွပ်စွဲချက်များဖြင့် ကျောင်းတွင်းဝင်ရောက် အော်ဟစ်ရိုက်နှက်ကြောင်းသိရပါသည်။
၎င်းကျောင်း၏မူလ ကျောင်းအုပ်ချုပ်သူဆရာတော်ကြီးမှာ ညောင်ဦးမြို့၊ သဲပုံစေတီကျောင်းဆရာတော် ဦးဝိဇယဖြစ်ပြီး ဦးဝိဇယမှ ကျောင်းထိုင် ဖြစ်လိုသူ ရွာဦးကျောင်း(တောင်ဘက်ကျောင်းဆောင်)တွင် သီတင်းသုံးသော ဦးကောဏ္ဍညကို မန္တလေးတိုင်းသံဃာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ကျောင်းထိုင်းခွင့်မပေးခဲ့သည်ကို အကြောင်းပြု၍ ဦးကောဏ္ဍည၏ ဒကာ/ဒကာမများဖြစ်ကြသော ဆင်သားမွေးရွာနေ ဦးအောင်ရွှေ(ဘ-ဦးထွေး)၊ ဦးဆန်းမင်းအောင်(ဘ-ဦးဘိုနီ)၊ ဦးဆန်းမင်းနိုင် (ဘ-ဦးကြည်)၊ ဦးခင်မောင်ဝင်း(ဘ-ဦးစံထွား)၊ ဦအောင်ကျော်မိုး(ဘ-ဦးအောင်မှီ)၊ ဦးကြည်လင်(ဘ-ဦးဖိုးညွန့်)၊ ဒေါ်ညို(ဘ-ဦးအောင်မှီ)၊ ဒေါ်ချောစု(ဘ-ဦးခင်မောင်ဝင်း) တို့က အကြမ်းဖက် PDFများထံဆက်သွယ်ကာ အကြမ်းဖက် PDF များ လိုသရွေ့ ငွေကြေး၊ ရိက္ခာဆေးဝါးများ ထောက်ပံ့ပြီး မြောက်ဘက်ကျောင်း ယာယီတာဝန်ခံ ဦးအာစာရကို ပြဿနာရှာနေသည်ဟု သိရပါသည်။
၂၃.၇.၂၀၂၅ညတွင် ဦးအာစာရကို ဆင်သားမွေးရွာသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်ခဲ့စဉ် (၂၂.၆.၂၀၂၅)က တပ်မတော်သားများအား မြောက်ဘက်ကျောင်းဆောင်တွင် တည်းခိုခွင့်ပေးခြင်း၊ တပ်မတော်သားများက ရွာထဲရှိ အကြမ်းဖက် PDF များ စခန်းချညအိပ်သည့် အိမ်ကိုဝင်ရောက်ရှင်လင်းစဉ်အနီးရှိ ဦးကောဏ္ဍည၏ မိဘများအိမ်မှ ၎င်းဦးကောဏ္ဍညပိုင် Wကားနှစ်စီး မီလောင်ခဲ့ခြင်းတို့ကို အခဲမကြေဖြစ်ကာ ဦးအာစာရကို ဒလန်စွပ်စွဲပြီး အထက်ဖော်ပြပါ ပုဂ္ဂိုလ်များမှ အကြမ်းဖက် PDF များကို သတင်းပေးပို့သည့်အတွက် ဦးအာစာရ၏ ဖုန်းတက်ပလက်များ၊ ကျောင်းအိပ်ကျောင်းသားနှစ်ယောက် အပါအဝင် ဆင်သားမွေးရွာ တောတဲတိုက်မှ ပစ်တိုင်းထောင်ကားပိုင်ရှင် ဦးမိုး၏ သား ကိုရဲဝင်းအောင် ၏ ကား၊ ဆိုင်ကယ်နှင့် ရွှေငွေများ သိမ်းဆည်းရယူပြီး ဖမ်းဆီး ခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ခဲ့သည်။
ယခုလည်း ဦးကောဏ္ဍည ဆရာတော်နှင့် ဒကာ၊ဒကာမများ၏ မြှောက်ပင့် သတင်းပေးမှုကြောင့် အရှင်အာစာရကို ဆရာတော်ဦးဝိဇယ (သက်တော်-၈၀ခန့်၊ ညောင်ဦးသဲပုံစေတီကျောင်း၊ ကျောင်းစုရပ်ဆရာတော်)၏ ရှေ့တွင်ပင် ခါးပတ်ဖြင့်ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်ဟု သိရသည်။ ထိုသို့ ရိုက်နှက်နေစဉ် တောင်ဘက်ကျောင်းမှ ဦးကောဏ္ဍညက တုတ်တစ်ချောင်း ကိုင်ဆောင်လာပေးသည့်အတွက် ၎င်းတုတ်ကို အကြမ်းဖက်သမားများက ယူပြီး ဦးအာစာရကို ထပ်မံရိုက်နှက်ခဲ့သည်ဟု သိရသည်။ ဤအကြောင်းကို အထက်တိုင်လျှင် တစ်ဆွေလုံး တစ်မျိုးလုံးသတ်ပစ်မယ်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment