ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေး












တောင်ငူ၊ ဩဂုတ် ၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ရွှေပြည်အေးကျေးရွာ၌ ဦးဉာဏ်ဝင်း၏ တန်(၁၀၀)ကျ ပျော့ဖတ်စက်ရုံနှင့် စက္ကူအဖြူစက်ရုံတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဝါး/ကောက်ရိုးပျော့ဖတ်ဖြင့်လည်း စက္ကူထုတ်လုပ်သွားရန်၊ ပြည်တွင်း၌ ပြည်ပသွင်းကုန်အစားထိုး ဘက်စုံသုံး စက္ကူချောများ လျင်မြန်စွာ ထုတ်လုပ် နိုင်ရေးအတွက် စက်ရုံအမြန်ဆုံးလည်ပတ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်(၁၇၄/၄)မှ (၁၇၄/၆)ကြား ပျက်စီးနေသည့် လမ်းပိုင်းပေ(၆၀၀)အား (၄၈)ပေအကျယ်၊ (၁)ပေအမြင့် လမ်းအဆင့်မြှင့်တင်ကွန်ကရစ်ခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား တစ်ဆက်တစပ်တည်း ဆောင်ရွက်ရန်၊ လမ်းပုခုံးသားများ အမာခံရရှိရေး ထည့်သွင်းဆောင်ရွက်ရန်နှင့် လမ်းမကြီးများပေါ်တွင် ရေဝပ်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာရှိ ဦးသောင်းဝင်းထွန်း၏ ရွှေပြည်သစ်နှင့် ဟိန်း အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် မုန့်ဖတ်ခြောက်လုပ်ငန်းသို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်နန်ချွန်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးထွန်းထွန်းဝင်း၏ ဥစားကြက်ကောင်ရေ(၂၀၀၀၀) မွေးမြူထားရှိမှုနှင့် ကြက်စာစပ်လုပ်ငန်းတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း စျေးကွက်ရှိပြီး ဥစားသုံးမှုဖူလုံပိုလျှံစေရေး ဥစားကြက်အား တိုးချဲ့မွေးမြူရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများ အခြေပြုပြီး တိရစ္ဆာန်အစာထုတ်လုပ်ရန်နှင့် ဇီဝလုံခြုံရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ ကေတုမတီမြိုသစ်၊ သဝန်ငယ်ရပ်ကွက်ရှိ ဦးဉာဏ်ဝင်း၏ စွန့်ပစ်စက္ကူအဟောင်းများဖြင့် တစ်ရက်တန်(၆၀)ကျ ပါကင်စက္ကူ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)