မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ကွာလာလမ်ပူမြို့အခြေစိုက် ယူဂန်ဒါသံရုံးမှ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ကွာလာလမ်ပူမြို့အခြေစိုက် ယူဂန်ဒါသံရုံးမှ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


ကွာလာလမ်ပူ၊ သြဂုတ် ၇

ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၅−၆−၂၀၂၅ ရက်၊ မွန်းလွဲပိုင်း ၂:၀၀ နာရီတွင် မြန်မာသံရုံး၊ ဧည့်ခန်းမဆောင်၌ ကွာလာလမ်ပူမြို့အခြေစိုက် ယူဂန်ဒါသံရုံးမှ သံအမတ်ကြီး H.E. Dr. Betty Oyella Bigombe အား လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ရေးကိစ္စရပ်၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့သည်။ 

ယင်းနောက် ယူဂန်ဒါနိုင်ငံ၊ Munyonyo မြို့၌ ကျင်းပပြုလုပ်မည့် (၆၃) ကြိမ်မြောက် အာရှ−အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးအဆင့် ပါဝင်တက်ရောက်နိုင်ပါရန် တရားဝင်ဖိတ်ကြားစာကို ယူဂန်ဒါသံအမတ်ကြီးက ကိုယ်တိုင်လက်ရောက် ပေးအပ်ခဲ့ပြီး မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးကလည်း ယူဂန်ဒါသံအမတ်ကြီးထံ မြန်မာ့ရိုးရာ အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)