နောင်ချို၊ သြဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မသီးလမ်းခွဲကျေးရွာ သည် ၁၀၂၇မှစ၍ လက်နက်ကိုင် TNLA အဖွဲ့အစည်း၏ ပလောင်ပြည်နယ် ထူထောင်ရေး၊ PDF အဖွဲ့အစည်း၏ စစ်အစိုးရတော်လှန်ရေး ဟူသော ခေါင်းစဉ် ဖြင့် တပ်မတော်နှင့် တိုက်ပွဲဖော်ဆောင်ခဲ့ရာ ဓားစာခံအဖြစ် တစ်ရွာလုံး ယူကျုံးမရ၍ ပြာကျပျက်စီးဆုံးရှုံးခဲ့ရသဖြင့် အကူအညီတောင်းခံကြောင်း ထုတ်ပြန်ထားသည်။
တစ်ချို့သောရွာသူ/သားများသည် မြို့ကြီးသို့ ပြောင်းရွှေ့စစ်ဘေးရှောင်ခဲ့သော်လည်း အခက်အခဲရှိသော သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များသည် ကျေးရွာဝန်းကျင်ရှိ လယ်တဲထဲသို့ ပြောင်းရွှေ့နေထိုင်ရပြီး၊ ကျေးရွာအတွင်း၌ ရှင်းလင်းရေးမလုပ်ရသေး၍ ဝင်ရောက်နေထိုင်ရန်မသင့်လျှော်၊ မိုးတွင်းဖြစ်၍ ရာသီတုပ်ကွေးရောဂါ ကူးစက် ခံရသူများလာကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ စစ်ဘေးရှောင်များ ခေတ္တခဏ မိုးလုံယင်လုံတည်းခိုနိုင်ရန် တိုက်ပွဲကြောင့် ပျက်စီးသွားသော ခမ်းချိုကျောင်းကို ပြန်လည်အကြမ်းပြုပြင်မှာ ဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ ဂရုဏာရှင်များ မေတ္တာရှေ့ထား၍ အောက်ဖော်ပြပါဆက်သွယ်ရန် ပုဂ္ဂိုလ်များထံ နည်းများမဟူ ပူးပေါင်းပါဝင် ကူညီပေးပါရန် အကူအညီတောင်းခံထားသည်။
အကြမ်းဖက် TNLA အဖွဲ့၏ လက်ချက်ဖြင့် ပျက်စီးခဲ့ရသော ခမ်းချိုကျောင်းကို ပြန်လည်အကြမ်းပြုပြင်နိုင်ရေး Kpay - 09255595556 AShin Thu Nanda နှင့် ကျောင်းအမှုဆောင် - ဒေါ်ခမ်းငွေ(ပြည့်ဖြိုး) Kpay - 09978654505 Daw Kham Ngwe သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment