ပါလက်စတိုင်းကို ထောက်ခံတဲ့ ဆန္ဒပြသမား ၂၀၀ ကျော်ကို လန်ဒန်ရဲတွေက ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါလက်စတိုင်းကို ထောက်ခံတဲ့ ဆန္ဒပြသမား ၂၀၀ ကျော်ကို လန်ဒန်ရဲတွေက ဖမ်းဆီး



ဩဂုတ် - ၁၀ ( တနင်္ဂနွေနေ့ ) 

ဗြိတိန်မြို့တော် လန်ဒန်မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲကြီးအတွင်း လူ ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။

"အခုဆိုရင် ပါလီမန်ရင်ပြင်မှာ လူပေါင်း ၁၅၀ ကို ဖမ်းဆီးခဲ့ပြီးပါပြီ။ ရင်ပြင်မှာ ကျန်နေသေးတဲ့ အများစုက မီဒီယာတွေနဲ့ ကြည့်ရှုသူတွေဖြစ်ပေမယ့် ပါလက်စတိုင်းလုပ်ရပ်ကို ထောက်ခံတဲ့ စာတန်းတွေ ကိုင်ဆောင်ထားသူတွေ ရှိနေပါသေးတယ်" လို့ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာမှာ နောက်ဆုံးသတင်း အနေနဲ့ တင်ခဲ့ပါတယ်။ 

"ရဲတွေက လူစုလူဝေးတွေကနေတဆင့် ထပ်မံဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ဒီနေ့မွန်းလွဲပိုင်းမှာ လွှတ်တော်ရင်ပြင်မှာ ဥပဒေချိုးဖောက်သူ တချို့ကို ဖမ်းဆီးဖို့ တောင်းဆိုထားပါတယ်။ သူတို့က ကျနော်တို့ရဲ့ တရားစီရင်မှု ကာကွယ်ရေး ဆိုတဲ့ ကြေညာချက်ကို ကျွန်တော်တို့ သိထားပါတယ်။ အဲဒီပြောဆိုချက်ဟာ မမှန်ပါဘူး။ ဆန္ဒပြပွဲတွေ စတဲ့အချိန်မှာ လွှတ်တော်ရင်ပြင်မှာ လူ ၅၀၀ မှ ၆၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် အများစုကတော့ ပါလက်စတိုင်းလှုပ်ရှားမှုကို ထောက်ခံတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားသူတွေ၊ မီဒီယာတွေပဲ ဖြစ်ပါတယ်။ ပါလက်စတိုင်း ကို ထောက်ခံကြောင်း ဖော်ပြတဲ့ မည်သူကိုမဆို ပါလီမန်ရင်ပြင်ကို ဒီနေ့ လာရင် ဖမ်းဆီး မှာပါ" လို့ ရဲတပ်ဖွဲ့က ရေးတင်ခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)