မုဒုံမြို့နယ်တွင် (၄၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သက်တော်ရှည် ဝါတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် (၄၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သက်တော်ရှည် ဝါတော်ကြီးများနှင့် ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲ ကျင်းပ

 




မုဒုံ ၊ သြဂုတ် ၁၀

(၄၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သက်တော်ရှည် ဝါတော်ကြီးများနှင့် ဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈:၀၀) နာရီ မှ (၁၀:၀၀) နာရီအချိန်အထိ လေးထပ်သာသနာဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပူဇော်ခံဆရာတော်ကြီးများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ ၊ တပ်နယ်မှူး နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဦးစီးမှူး ၊ အမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ ၊ မွန်ပြည်နယ် YMBA နာယက ဦးဝင်းနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်YMBA အသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ကော်မတီဝင်များ ၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြည်ညို ပူဇော်ကြပါသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ၊ အခမ်းအနားကို အစီအစဉ် အတိုင်းကျင်းပရာ သက်တော် (၉၀) မှ (၁၀၃) နှစ်အထိ သက်တော်ရှည် ဝါတော်ကြီး (၅) ပါး နှင့် ဝါတော် (၄၀)

အထက် ဆရာတော်ကြီး (၅၅)ပါး၊ စုစုပေါင်း (၆၁) ပါးကို လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပါသည်။

မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်ကြီးက ပြန်လည်မေတ္တာပို့သ သြဝါဒကထာ မိန့်ကြားပြီး မြို့နယ် YMBA အသင်းသြဝါဒစရိယဆရာတော် ဘဒ္ဒန္တဝရုဏက ပူဇော်ပွဲကောင်းစုစုတို့ကို ဦးဆောင်ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာပြီးမြောက်ကြောင်း သတင်း ရရှိသည်။


Moe Sann

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)