မိုးကုတ်၊ သြဂုတ် ၁၅
တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ (၁၄-၈-၂၀၂၅) ရက်နေ့ ညပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်း လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး ကျောက်လုပ်ကွက်တွင် ကျောက်ခိုးထုတ်နေသည့် အကြမ်းဖက် TNLA ပလောင်သူပုန်အဖွဲ့များအား ဗုံးကြဲရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် TNLA အဖွဲ့က မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ ည (၈း၃၀)နာရီဝန်းကျင်အချိန်၌ ဗုံးများလာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်အချက်အလက်များကို နောက်တွင်ဆက်လက်ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း" သတင်းထုတ်ပြန်ထားသည်။
တပ်မတော်အနေဖြင့် နောင်ချိုတွင် အခြေပြုလှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းနိုင်ခဲ့ပြီး မိုးကုတ်၊ သပိတ်ကျင်း ရှိ အကြမ်းဖက် TNLA, PDF အဖွဲ့များကိုလည်း ဆက်လက်ရှင်းလင်းဆောင်ရွက်နေရခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment