ဩဂုတ် - ၁၄ ( ကြာသပတေးနေ့ )
မနေ့က လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ကို အလည်အပတ်ရောက်နေတဲ့ အီရန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အဓိပတိ အတွင်းရေးမှူး အလီလာရီဂျာနာနဲ့ တွေ့ဆုံပွဲမှာ လက်ဘနွန်သမ္မတ ဂျိုးဇတ်အေရွန်က တိုင်းပြည်ထဲမှာ အစိုးရ စစ်တပ်တစ်ခုပဲလက်နက် ကိုင်တောင်ခွင့်ရှိတယ်၊ ပြည်ပနိုင်ငံတွေက နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်တဲ့ အနေနဲ့ တစ်စုံတစ်ဦး ( သို့ ) အဖွဲ့အစည်းတွေကို လက်နက်တွေ ထောက်ပံ့ ပေးကမ်းနေတာကို လုံးဝ ခွင့်မပြုနိုင်ဘူး လို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
လက်ဘနွန်ရှိ မည်သည့်အဖွဲ့ကိုမျှ လက်နက်သယ်ဆောင်ခွင့် သို့မဟုတ် ပြင်ပတပ်ဖွဲ့များ၏ ပံ့ပိုးကူညီမှုများ ရယူရန် တားမြစ်ထားကြောင်းကိုလည်း ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးကို လက်မခံပါဘူး၊ ငြင်းဆိုထားပါတယ်”လို့ ဆိုပါတယ်။ လက်ဘနွန်သည် အီရန်အပါအဝင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း အေနွန် က အလေးပေးပြောကြားခဲ့ပြီး အဲ့ဒိအတွက်ကြောင့်လည်း အလားတူ အကျိုးသက်ရောက်မှုမျိုး ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
အေရွန်က လက်ဘနွန်ရှိ ဟစ္စဘိုလာအဖွဲ့ကို လက်နက်ထောက်ပံ့နေတဲ့ အီရန်နိုင်ငံကို အခုလိုမျိုး ပြောလိုက်တာပဲ ဖြစ်ပါတယ်။ အမေရိကန်က ဟစ္စဘိုလာအဖွဲ့ကို ဖျက်သိမ်းဖို့တောင်းဆိုထားတာနဲ့ပတ်သက်ပြီး အေရွန် အစိုးရအဖွဲ့က ထောက်ခံထားပါတယ်။ လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟစ္စဘိုလာအဖွဲ့အတွက်ကတော့ သမ္မတရဲ့ အပြောက တစ်စုံတရာ ထိခိုက်မှု ဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။ လက်ဘနွန််က ဟစ္စဘိုလာအဖွဲ့ ကို အီရန်နိုင်ငံက ၁၉၈၀ ခုနှစ်လောက်ကတည်းက လက်နက် နဲ့ အခြားအကူအညီများ ထောက်ပံ့ပေးခဲ့တာဖြစ်လို့ လက်ဘနွန်သမ္မတရဲ့ စကားကို ပြင်ထန်စွာ ဝေဖန်ခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment