တရုတ်ကလည်း ယူရီးယားပြန်ပို့၊ အိန္ဒိယကလည်း ဒီဇယ်ပြန်ပို့ ကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking


တရုတ်ကလည်း ယူရီးယားပြန်ပို့၊ အိန္ဒိယကလည်း ဒီဇယ်ပြန်ပို့ ကြပြီ


ဩဂုတ် - ၁၄ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုကြောင့် အိန္ဒိယနိုင်ငံက ထွက်ပေါက်တစ်ခုအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကိုမြှင့်တင်ခဲ့ပါတယ်။ လာမယ့်အပတ်အတွင်းမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ် တစ်ရပ်ရှိနေပါတယ်။ 

ရှားရှားပါးပါး အလှည့်အပြောင်းတစ်ရပ်အနေနဲ့ အိန္ဒိယ ရေနံကုမ္ပဏီဖြစ်တဲ့ နေရာယာစွမ်းအင်က တရုတ်နိုင်ငံကို ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံး အနေနဲ့ ဒီဇယ်တွေစတင် တင်ပို့နေပါပြီ။ တရုတ်ဘက်ကလည်း အိန္ဒိယသို့ စိုက်ပျိုးရေး လုပ်ငန်းသုံး ယူရီးယားတင်ပို့မှု ကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်ပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်အား ထရမ့်အစိုးရက ဆက်လက်ရေးဆွဲနေချိန်မှာပဲ ကမ္ဘာ့လူဦးရေး အများဆုံး နိုင်ငံ ၂ နိုင်ငံက သူတို့ရဲ့ လှုပ်ရှားမှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ 

သတင်းများအရ ဂူဂျာရတ်ပြည်နယ် ရှိ နာရာယာကုမ္ပဏီပိုင် ဗာဒီနာ ရေနံသန့်စင်စက်ရုံမှ ဒီဇယ်ဆီ တင်ဆောင်လာတဲ့ အီးအမ် ဇီနက်သ် ရေနံတင်သင်္ဘောက  ဇူလိုင် ၁၈ ရက်မှာ အရှေ့တောင် အာရှဘက်ကို ထွက်ခွာသွားကြောင်း သိရပါတယ်။  ဗာဒီနာ ရေနံသန့်စင်စက်ရုံကို ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ရိုစ်နက်ဖ် က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဥရောပက ရို့စ်နက်ဖ်ကို ၁၈ ကြိမ်မြောက်ပိတ်ဆို့မှုမှာ အဓိက ပစ်မှတ်ထားတာရှိပါတယ်။ 

တရုတ်က အိန္ဒိယကို စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာဖြစ်တဲ့ ယူရီးယား ကို တစ်နှစ်တန်ချိန် ၃ သိန်းအထက်မှာ ပို့ဆောင်နေတာပါ။ တရုတ်ပြည်တွင်းလိုအပ်ချက်နဲ့ ၂ နိုင်ငံကြား နယ်ခြားပြဿနာကြောင့် ယူရီးယားတင်ပို့မှုကို ကန့်သတ်ထားရာမှာ အခုတော့ ပြန်လည်းဖြေလျှော့ပေးလိုက်ပါတယ်။ 


REF: The print

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)