နေပြည်တော်၊ သြဂုတ် ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme– UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Norimasa Shimomura က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ ၁၃:၀၀ နာရီတွင် ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့သည်။
ထိုသို့လာရောက်ပေးအပ်စဉ် UNDP က မြန်မာနိုင်ငံတွင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသောကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment