မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နည်းလမ်းများရှာဖွေရန်ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နည်းလမ်းများရှာဖွေရန်ဆွေးနွေး




ဗန်ကောက်၊ သြဂုတ် ၂၉

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးထံသို့ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuangthong က  ၂၉-၈-၂၀၂၅ ရက်၊ နေ့လယ် ၁၄ ၀၀ နာရီအချိန် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လာရောက်တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် ဆက်စပ်သောကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နည်းလမ်းများရှာဖွေရန်ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရေး အတွက် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)