ဟင်္သာတ၊ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တိုင်းခရိုင်မြို့နယ်တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာအုပ်စု၊ ခေါင်းဆေးကျွန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကွင်းအမှတ် (၁၄၄၄)၊ ဦးပိုင်အမှတ် (၄၀/၄၃/၄၄) တောင်သူ ဦးမျိုးလွင်ဦးနှင့် ဦးသန်းထွန်း ပိုင် ဧက(၇၀)ရှိ ပဲကြီး-ပဲပုတ် ရောနှောစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြန်အောင် ခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ပဲ/နှမ်း ကုန်သည်များ၊ ဆီထွက်သီးနှံ ပဲပုတ်စိုက် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး၊ ဆန်စက်လုပ်ငန်းရှင်များကိုယ်စား ဦးဖြိုးမောက်က ဆန်စက်လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ဆီ/ပဲပုတ်ဆီ ကြိတ်ခွဲထုတ်လုပ်ရေးအတွက် ဆီစက်လုပ်ငန်းရှင် ဦးထက်အာကာညွန့်က ပဲပုတ်ဆီ ကြိတ်ခွဲထုတ်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ၊ဧရာဝတီတိုင်းဒေသကြီး၊ ပဲ၊ ပြောင်း၊ နှမ်းအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက ပဲ/ ပြောင်း/နှမ်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် ဈေးကွက်အခြေအနေများအားလည်းကောင်း ၊ ပဲကြီး/ပဲပုတ်စိုက် တောင်သူများကိုယ်စား ခေါင်းဆေးကျွန်းကျေးရွာနေ တောင်သူ ဦးသန်းထွန်းက ပဲကြီး/ပဲပုတ် စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဟင်္သာတခရိုင်/မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသော လုပ်ငန်းရှင်များ၊ တောင်သူများမှ အထွေထွေတင်ပြဆွေးနွေးခဲ့ကြရာ ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခြင်းနှင့် နိဂုံချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment