ဂါဇာကို အကူအညီသွားပေးမယ့် အရပ်သားတွေကို စပိန်နဲ့ အီတလီ ရေတပ်တွေက အကာအကွယ်ပေးမယ်လို့ ကတိပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကို အကူအညီသွားပေးမယ့် အရပ်သားတွေကို စပိန်နဲ့ အီတလီ ရေတပ်တွေက အကာအကွယ်ပေးမယ်လို့ ကတိပြု


စက်တင်ဘာ - ၂၆ ( သောကြာနေ့ ) 

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂါဇာကို အကူအညီသွားပေးဖို့အတွက် ဘာစီလိုနာမြို့ကနေထွက်ခွာလာတဲ့ လုပ်အားပေးတွေနဲ့ နိုင်ငံရေးသမားတွေ ၅၀၀ ကျော်ပါတဲ့ သင်္ဘောတွေက ဂရိကမ်းရိုးတန်း တစ်နေရာမှာ ဒရုန်းနဲ့ အတိုက်ခံလိုက် ရပါတယ်။ သူတို့တွေက ဂါဇာကို ဝင်လာလို့မရအောင် ပိတ်ဆို့ထားတဲ့ အစ္စရေးရေတပ်ကို ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာခဲ့တာပါ။ အဲ့ဒိ ကမ္ဘာ့ဆန်းမက်သင်္ဘောအုပ်စု GSF လို့ ခေါ်တဲ့ အဖွဲ့မှာ သင်္ဘောအစီးရေ ၅၀ ကျော်ပါပါတယ်။ 

GSF ရေယာဉ်အုပ်စု ဒရုန်းနဲ့ အတိုက်ခံရပြီးတဲ့ နောက်နေ့မှာပဲ အီတလီနဲ့ စပိန်နိုင်ငံ ရေတပ်တွေက သူတို့ကို အကာအကွယ်ပေးပါမယ်။ သူတို့သင်္ဘောတွေကို ဝိုင်းရံပြီး စောင့်ရှောက်ပေးပါမယ်ဆိုပြီး ကတိကဝတ်တွေ ပေးလိုက်ပါတယ်။ လုပ်အားပေးတွေက သူတို့ရဲ့သင်္ဘောတွေကို ဖောက်ခွဲရေးပစ္စည်းတွေ ကြဲချတဲ့ ဒရုန်းတွေ ကြောင့် သင်္ဘောတွေတစ်ဝိုက်မှာ ဒါဇင်ထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အများစုကတော့ အစ္စရေး ရဲ့ ဒရုန်းတွေဖြစ်နိုင်တယ်ဆိုပြီး အပြစ်တင်နေကြပါတယ်။ 

အခင်းဖြစ်ပွားပြီးနောက် အီတလီနဲ့ စပိန် အာဏာပိုင်တွေက ရေတပ်သင်္ဘောများကို စေလွှတ်ကာ ၎င်းတို့ရဲ့ နိုင်ငံသားများ ဘေးကင်းစေဖို့နဲ့ လိုက်ပါစီးနင်းသူများရဲ့ လုံခြုံရေးကို သေချာစေဖို့ လုပ်ဆောင်နေပါတယ်။  အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက GSF ရေယာဉ်စုကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေလုပ်တာက "အန္တရာယ်ရှိပြီး တာဝန်မဲ့တဲ့ လုပ်ရပ်" လို့ ရှုတ်ချခဲ့ပါတယ်။ 

"သူတို့က စစ်သွားတိုက်နေတာမဟုတ်ပါဘူး၊ အဲ့လိုပဲ ရန်လည်း သွားစနေတာမဟုတ်ပါဘူး။ ဒါဟာ လူသားဆန်တဲ့ လုပ်ရပ်တစ်ခုပါ။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ နိုင်ငံသားတွေအတွက် နိုင်ငံတော်အနေနဲ့ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်" လို့ အီတလီကာကွယ်ရေးဝန်ကြီး ဂွိုင်ဒို ခရိုဆက်တို က ပါလီမန်မှာ ပြောသွားပါတယ်။ 

စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ် ကလည်း "လိုအပ်ပါက ကျနော်တို့ရဲ့ နိုင်ငံသားတွေကို ကယ်ဆယ်နိုင်စေရန်နဲ့ အသက်ရှင်သန်မှု သေချာစေရန်အတွက် စစ်သင်္ဘောတွေကို လွှတ်မှာပါ " လို့ ပြောပါတယ်။ "စပိန်က စပိန်နိုင်ငံသားတွေကို သေချာပေါက် ကာကွယ်ပေးပါမယ်၊ သံတမန်နည်းအရရော နိုင်ငံရေးအရပါ လုပ်ဆောင်သွားမှာပါ" လို့ ၎င်းက ပြောသွားပါသေးတယ်။ 

အစ္စရေးက ပါလက်စတိုင်းနယ်မြေအတွင်း ဘယ်သူမှ ဝင်လာလို့မရအောင် ရေကြောင်းလမ်း တစ်ခုလုံးကို ပိတ်ဆို့ထားပါတယ်။ ဇွန်လ နဲ့ ဇူလိုင်လတုန်းက ဝင်လာတဲ့ အကူအညီပေးရေး သင်္ဘော ၂ စီးစလုံးကိုလည်း တားဆီးနိုင်ခဲ့ပါတယ်။ အီတလီက ဆိုက်ပရပ်စ်မှာ ဂါဇာကို အကူအညီတွေ ပေးဖို့ နေရာတစ်ခုရအောင် အပေးအယူ တစ်ခုလုပ်နိုင်ခဲ့ပါတယ်။ GSF အုပ်စုကတော့ သူတို့ရဲ့ မူလ ရည်မှန်းချက်ကို လက်မလွှတ်ဘူး လို့ ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)