ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ




ညောင်ဦး  ၊ စက်တင်ဘာ ၂၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ ရွှေစည်းခုံစေတီ‌တော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီက ရွှေစည်းခုံဘုရားကြီး အနောက်တောင်ထောင့်ရှိ အင်္ဂါထောင့် တန်းဆောင်းတော်တွင်ကျင်းပခဲ့သည်။

ရွှေစည်းခုံ ဘုရားအနေကဇာတင်ပူဇော်ခြင်းနှင့် ဆွမ်းဆက်ကပ်လှူဒါန်းသော သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားတွင် နိုင်ငံတော်ဩဝါဒစရိယဆရာတော်၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမထေရ်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မေတ္တာသုတ်တရားတော်များကို ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များက တက်ရောက်နာယူကြည်ညိုခဲ့ကြပြီး ဆရာတော်များအား ဆွမ်းတော်ပွဲများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒစရိယ၊ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ထို့နောက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့်အတူ ညောင်ဦးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များက ကျန်စစ်သားဥမင် စာသင်တိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိမလထံ သွားရောက်ဖူးမြှော်ကြည်ညို၍ ညောင်ဦးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပခွင့်အား လက်ခံပေးနိုင်ရန် တင်ပြလျှောက်ထားခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန်ပွဲအား ဆရာတော်မှ လက်ခံကျင်းပဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)