ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ





ဟင်္သာတ၊ စက်တင်ဘာ ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည်  ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာကိစ္စများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီ က ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက် သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ မိမိတို့ကော်မရှင်အဖွဲ့များမှ ဘက်လိုက်မှုကင်းစွာ ရွေးကောက်ပွဲကြီးတစ်ခုလုံး အောင်မြင်ပြီးဆုံးသည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတ ၊မြန်အောင် ၊ ကြံခင်း ၊အင်္ဂပူ ၊ဇလွန်၊လေးမျက်နှာ မြို့နယ်များမှ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင့်ဆွေဝင်းက လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက် ခဲ့ကြပြီး သိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)