စက်တင်ဘာ - ၃၀ ( အင်္ဂါနေ့ )
ဒီကနေ့ ကရင်မလင်နန်းတော်မှ ထုတ်ပြန်တဲ့ ဗီဒီယိုမိန့်ခွန်းတွင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းဒေသဟောင်းလေးခုကို လက်ခံခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပြောသွားပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒွန်ဘားစ်ဒေသတွင် ဒွန်းညက်နဲ့ လူဟန်စ်၊ တောင်းပိုင်း က ခါဆန်နဲ့ ဇာပိုရိုဇီး ဒေသများတွင် နေထိုင်သူများက ၂၀၂၂ စက်တင်ဘာလ ပြည့်သူ့ဆန္ဒခံယူပွဲတွင် ရုရှားနိုင်ငံနဲ့ ပူးပေါင်းမယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဆိုပါနယ်မြေခံတွေက “ရုရှားနိုင်ငံသို့ ဝင်ရောက်ရန် လွတ်လပ်စွာ ရွေးချယ်ခဲ့ကြပြီး ရုရှားကို ဘိုးဘွားမြေ” အဖြစ် ဖော်ပြခဲ့ကြပါတယ်။
“ကျနော်တို့ လုပ်စရာရှိတာကို လုပ်ခဲ့တာမို့လို့ ဂုဏ်ယူပါတယ်။ သူတို့ရဲ့ ခိုင်မာပြီး တာဝန်ယူမှုရှိတဲ့ ရွေးချယ်မှုတွေလုပ်ခဲ့တာဖြစ်လို့ ကျနော်တို့က ညီအစ်ကို ညီအစ်မတွေလို သဘောထားပြီး အရာရာကို ပံ့ပိုးပေးထားပါတယ်” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံက ၎င်းတို့ရဲ့ အဓိက အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးမှာဖြစ်ပြီး အသိပညာနဲ့ တန်ဖိုးထားမှုများကို မျှဝေခြင်း၊ ရုရှားဘာသာစကား၊ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုနှင့် ယုံကြည်ချက်များ အစရှိတဲ့ ဘိုးဘေးတွေရဲ့ လုပ်ရပ်များကို ဂုဏ်ပြုရန် မြင့်မြတ်သောအခွင့်အရေးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်က ယူကရိန်းမှာ အနောက်နိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ရုရှားဘာသာစကားအသုံးပြုသူအများစု နေထိုင်ရာ ယူကရိန်း အရှေ့ဘက် ဒွန်ဘားစ်ဒေသတွေက ယူကရိန်းခွဲထွက်ရေး လှုတ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သူတို့ရဲ့ လွတ်လပ်ရေးကို ကြေညာပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒိ ၂၀၁၄ မှာ ခရိုင်းမီးယားဒေသက ရုရှား နိုင်ငံထဲကို ဝင်ဖို့ မဲခွဲနိုင်တာဖြစ်လို့ ခရိုင်းမီးယား ကျွန်ဆွယ်တစ်ခုလုံးက ရုရှားရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါတယ်။ အဲ့ဒိအချိန်ကတည်းက ယူကရိန်းသည် လုပ်ငန်းခွင်၊ ပညာရေးနှင့် မီဒီယာများတွင် ရုရှားဘာသာစကား အသုံးပြုမှုကို ကန့်သတ်သည့် ဥပဒေအများအပြားကို အတည်ပြုခဲ့ပြီး ရုရှား ဆန့်ကျင်ရေး လှုတ်ရှားမှုတွေကို ဆက်တိုက်လုပ်နေခဲ့တာပါ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment