ကြို့ပင်ကောက်၊ စက်တင်ဘာ ၃၀
ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ ဦးသက်ခိုင် (၄၅) နှစ်သည် စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်၌ ကြိုပင်ကောက်မြို့မှ အလယ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် အလယ်ကုန်း-ကြိုပင်စခမ်းသွားလမ်းအတိုင်း တစ်ဦးတည်းမောင်းနှင်ထွက်ခွာလာစဉ် ကြို့ပင်စခမ်းကျေးရွာအနီး အရောက် အသင့်စောင့်နေသည့် PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသက်ခိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေး၍ အဆိုပါနေရာအနီးဝန်းကျင်အား အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အလယ်စိန်ကြီးရိုးကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အရောက် PDF အကြမ်းဖက်အဖွဲ့ အင်အားခုနစ်ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ အကြမ်းဖက်အဖွဲများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးအား လက်လုပ်သေနတ်တစ်လက်နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment