စက်တင်ဘာ - ၁၄ ( တနင်္ဂနွေနေ့ )
မနေ့က ညနေပိုင်းမှာ ယူကေမှာ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို စိတ်ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား ၁သိန်းကျော် လန်ဒန်မြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒိပွဲကို တွမ်မီရော်ဘင်ဆင်က စီစဉ်ခဲ့ပြီး ကမ္ဘာ့သူဌေးကြီး အီလွန်မတ်စ်ရဲ့ ဗီဒီယိုမိန့်ခွန်းကိုလည်း ဖော်ပြခဲ့ပါတယ်။
မက်စ် ( ၅၄နှစ်)က အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတဲ့ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့သူများကို ဗြိတိန်အစိုးရက အကာအကွယ်မပေးနိုင်တော့ကြောင်း စွပ်စွဲခဲ့ပါတယ်။ “မုဒိမ်းမှု၊ လူသတ်မှုတွေနဲ့ တိုင်းပြည်က ပျက်စီးနေပြီး ဘဝလမ်းစဉ်တစ်ခုလုံး ပြိုပျက်သွားမယ့် အန္တရာယ်က တကယ့်ကိုဖြစ်နေပါပြီ ” လို့ မက်စ် က ဗီဒီယိုကနေ ဆန္ဒပြသူများအား မိန့်ခွန်းပြောခဲ့ပါတယ်။
“တကယ်လို့ ခင်ဗျားတို့က ကြီးမားတဲ့ တိုက်ခိုက်မှုကို မခံခဲ့ရဘူးဆိုရင် လူတွေဟာ သူတို့ရဲ့ စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်းမှုကို ကောင်းကောင်း လုပ်ခွင့်ရမှာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တိုက်ခိုက်ခံ ရမှုတွေက ခင်ဗျားတို့ဆီကိုရောက်လာတော့ ခင်ဗျားတို့မှာရွေးချယ်စရာ မရှိဘူးဖြစ်သွားရတာပါ။ အကြမ်းဖက်မှုတွေ က ခင်ဗျားတို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ ရောက်လာနေပါပြီ။ အဲ့ဒါကို ခင်ဗျားတို့ ပြန်တိုက်မှာလား၊ အသေခံမှာလား” လို့ သူကပြောပါတယ်။
ဝါတာလူး တံတားမှ ဝှိုက်ဟော ဆီသို့ ချီတက်ဆန္ဒပြရာတွင် ခန့်မှန်းခြေ လူပေါင်း ၁၁၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် မကြာခဏ ထိပ်တိုက်တွေ့ခဲ့ရာ ဆန္ဒပြသမား ၂၆ ဦး ရာဘာကျည်ဆန် နဲ့ အပစ်ခံလိုက်ရပါတယ်။
ဆန္ဒပြသမားတွေ ပြန်တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနည်းဆုံး လူ ၂၅ ဦးကို လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က လုံးဝလက်မခံနိုင်တဲ့ အကြမ်းဖက်မှုလို့ ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ကို ဖြန့်ကျက်ထားပြီး အနီးနားရှိ စီရင်ပိုင်ခွင့်နယ်မြေများမှ အခြား ၅၀၀ က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ “အများအပြားက သူတို့ရဲ့တရားဝင်ကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးဖို့ ဒီကိုလာခဲ့ကြတာ သံသယဖြစ်စရာ မလိုပါဘူး၊ ဒါပေမယ့် အကြမ်းဖက်မှုကို ကြံရွယ်လာသူတွေ အများကြီးပါ” လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ရဲ့ လက်ထောက်ကော်မရှင်နာ ကပြောပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

No comments:
Post a Comment