ချာလီကရစ်ကို ပစ်တဲ့ သေနတ်သမားကို ဖမ်းထားလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချာလီကရစ်ကို ပစ်တဲ့ သေနတ်သမားကို ဖမ်းထားလိုက်ပြီ



စက်တင်ဘာ - ၁၄ ( တနင်္ဂနွေ )

အမေရိကန် နိုင်ငံရေး အပြောအဟောသမား ချာလီကရစ် ကို တက်ကြွလှုပ်ရှားသူ ဗုဒ္ဓဟူးနေ့က ပစ်ခတ်သတ်ဖြတ်တယ်လို့ ယူဆရတဲ့ သံသယတရားခံ အမျိုးသားကို ရဲတွေက ဖမ်းလိုက်နိုင်ပြီ လို့ သိရပါတယ်။ ယူတက်ပြည်နယ် အုပ်ချုပ်ရေးမှူး စပန်ဆာကောက်စ် က သတင်းစာရှင်းလင်းပွဲမှာ ချာလီကရစ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူမှာ တေလာရော်ဘင်ဆင် ( ၂၂ နှစ်) လို့ ပြောသွားပါတယ်။ 

ရော်ဘင်ဆင်က ဝါရှင်တန်ကလာတဲ့သူဖြစ်ပြီး ယူတက်ဗေလီတက္ကသိုလ်မှ ကျောင်းသားတစ်ဦးမဟုတ်ပါဘူး။ သံသယတရာခံအား ဆွေမျိုးတစ်ဦးက ရဲကို သတင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဥပဒေအရာရှိတွေရဲ့ စကားအရ ရော်ဘင်ဆင်က ဒေါသနဲ့လူတစ်ယောက်ကို သေစေမှု၊ ခန္တာကိုယ် အပြင်းအထန် နာကျင်စေမှု၊ တရားမျှတမှုကို အနှောက်အယှက်ဖြစ်စေမှု နဲ့ တရားမဝင် လက်နက် ကိုင်ဆောင်မှုတွေနဲ့ တရားစွဲခံရဖွယ်ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိကတော့ ရော်ဘင်ဆင်က ယူတက်ကောင်တီထောင်ထဲမှာ ရှိနေပါတယ်။ အခြားဖမ်းဆီးထားမှုတွေလည်း ရှိပါသေးတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ ရော်ဘင်ဆင်က ချာလီကရစ်ကို ပစ်သတ်လိုက်တယ် ဆွေမျိုးတစ်ယောက်ကို အသိပေးလိုက်တာကြောင့် အဲ့ဒိလူက ယူတက်ပြည်နယ်ရဲတွေကို အကြောင်းကြားလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒိလိုနဲ့ ဖမ်းမိနိုင်တာလို့ ရဲတွေက ပြောပါတယ်။ 

ရော်ဘင်ဆင်ရဲ့ ကားက အခင်းဖြစ်ပွားချိန်မှာ ယူတက်တက္ကသိုလ်နားမှာ ရပ်ထားတာကိုလည်း စီစီတီဗီမှာ ရထားပါတယ်။ နောက်ပြီး ရော်ဘင်ဆင်က ချာလီကရစ်ကို ပစ်တဲ့ သေနတ်ပုံစံနဲ့တူတဲ့ သေနတ်မျိုးကို ကိုင်ပြီး လိုင်းပေါ်တင်ထားတဲ့ ဓာတ်ပုံ ကိုလည်း ရထားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)