ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံချောင်းလုံးများအား အထူးကုန်ရထားဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံချောင်းလုံးများအား အထူးကုန်ရထားဖြင့် ပို့ဆောင်



နေပြည်တော်၊ စက်တင်ဘာ ၂၄

ငလျင်ဘေးဒဏ်ခံခဲ့ရသောဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် လိုအပ်လျက်ရှိသော HRB 500 အမျိုးအစား သံချောင်းလုံးများအား ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အထူးကုန်ရထားဖြင့် ပို့ဆောင်ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အထူးကုန်ရထားသည် HRB 500 အမျိုးအစား သံချောင်းလုံး စုစုပေါင်းတန်ချိန် ၄၈၆ ဒဿမ ၈၈၆ တန်အား တင်ဆောင်၍ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မလွှကုန်း ဘူတာမှတစ်ဆင့် စတင်ထွက်ခွာလာရာ ညပိုင်းတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ခဲ့ပြီး နေပြည်တော်မှ ဆက်လက်ထွက်ခွာခဲ့ရာ မန္တလေးမြို့၊ မြို့ဟောင်းဘူတာသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ HRB 500 အမျိုးအစား သံချောင်းလုံးများအား မြို့ဟောင်းဘူတာသို့ ရောက်ရှိစဉ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)