ကျွန်တော်တို့ ရန်နောင်မှာ တိုက်ပွဲတွေဖြစ်တော့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၂ စစ်ရှောင်ရင်းနဲ့ ပဒပ်ချောင်းကျေးရွာကိုရောက်ရှိသွားခဲ့ပါတယ်။ က ဒီလိုရောက်ရှိသွားတဲ့အချိန်မှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရွာထဲကို ရောက်ရှိလာပြီး ကျွန်တော်တို့အသက်အရွယ် ယောက်ျားလေးတွေကို သူတို့ ဝေယျာဝစ္စများခိုင်းဖို့နှင့် သူတို့အဖွဲ့ထဲကိုဝင်ဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။ ရန်နောင် မှာ ပြန်ပြီးနေလို့ရပြီ။ ပြန်မယ်ဆိုတော့ သူတို့စခန်းတွေကို သိနေတာက တစ်ကြောင်း၊ နောက်တစ်ခုကသူတို့ခိုင်းတာတွေကို လုပ်ပြီးသွားပြီ ဖြစ်တဲ့အတွက် တပ်မတော်ဘက်က သိလို့ရှိရင် ဖမ်းပြီးတော့ နှိပ်စက်မယ်။
အဲ့ဒီလိုပြောတဲ့အတွက် ကျွန်တော်တို့ ဆက်ပြီးတော့ နေခဲ့ရတယ်။ ကြာလာတော့ လူမျိုးရေးခွဲခြား လာတယ်။ အလုပ်ဆိုရင်လည်း ကျွန်တော်တို့ပဲ လုပ်ရတယ်။ ကင်းစောင့်ရင်လည်း ကျွန်တော်တို့ပဲ စောင့်ရတယ်။ ပြောမှားဆိုမှား ရှိလို့ရှိရင်လည်း ကျွန်တော်တို့ အနှိပ်စက်ခံရတယ်။ ပြည်သူတွေကို ဥပဒေမဲ့စွာ ဖမ်းတယ်။ ဖမ်းပြီးတော့ နှိပ်စက်တယ်။ ကျွန်တော်တို့တွေဆိုလည်း မိဘတွေနဲ့ အဆက်အသွယ်လည်း မရဘူး။ မိဘတွေနဲ့လည်း အဆက်အသွယ် မလုပ်ခိုင်းဘူး။ ဖုန်းတွေကိုလည်း သိမ်းထားတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မိဘတွေနဲ့လည်း ပြန်နေချင်တယ်။ မြို့ပေါ်မှာ တခြားသူငယ်ချင်းတွေ ပျော်နေတာမြင်ရင်လည်း အားကျမိတယ်။
ပြီးတော့ လူငယ်တွေလို လွတ်လွတ်လပ်လပ်လည်းနေချင်တယ်။ ဥပဒေဘောင် အတွင်းမှာ စည်းကမ်းတကျလည်း ပြန်နေချင်တာကြောင့် ကျွန်တော်တို့ လေးယောက်တိုင်ပင်ပြီးတော့ အဖွဲ့ထဲမှာ ပစ်အားအကောင်းဆုံးဆိုတဲ့ လက်နက် တွေကို ယူဆောင်ပြီးတော့ တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့တယ်။
အလင်းဝင် ရောက်လာတဲ့ အခါမှာလည်း တပ်မတော်ဘက်က ကျွန်တော်တို့ကို နှိပ်စက် မေးမြန်းခြင်း မရှိတဲ့အပြင် အခုလို နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ပြီးတော့ PDF ထဲမှာရှိတဲ့ ညီအကိုတွေကိုလည်း ပြောချင်တာက တပ်မတော်ထံ အလင်းဝင်ပါ။ တပ်မတော်ဘက်ကလည်း နွေးထွေးစွာ လက်ကမ်းကြိုဆိုနေပါတယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment