စက်တင်ဘာ - ၃ ( ဗုဒ္ဓဟူးနေ့ )
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် ထိုးစစ်အသစ်တစ်ခု ပြုလုပ်ဖို့ သောင်းနှင့်ချီတဲ့ အစ္စရေးအရန် တပ်ဖွဲ့ဝင်များကို စုဆောင်းနေတယ်လို့ ဂျေရူစလင်ပို့စ် သတင်းစာမှာ မနေ့ကဖော်ပြခဲ့ပါတယ်။ အရန်တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့်ကို ဆင့်ခေါ်မယ်လို့ မျှော်လင့်ထားကြောင်း အစ္စရေးစစ်တပ်က ရေဒီယိုမှတဆင့် ပြောကြားခဲ့ပါတယ်။
စစ်ဆင်ရေးကို အရှိန်မြှင့်ဖို့ လုပ်နေတဲ့ ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု နဲ့ လုံခြုံရေး ဝန်ကြီးအဖွဲ့တို့ မှာလည်း စစ်တပ်ကပြန်ပြီး တွန်းအားပေးနေတဲ့ ဖိအားတစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။ တနင်္ဂနွေနေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် IDF စစ်ဦးစီးချုပ် အီယယ်ဇာမာ က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တောင်းဆိုခဲ့ပြီး စစ်ဆင်ရေးတိုးချဲ့တာက ဂါဇာကမ်းမြောင်တွင် ကျန်ရှိနေသေးသော ဓားစာခံများကို အန္တရာယ်ဖြစ်စေနိုင်ပြီး စစ်ပွဲကို သက်တမ်းပိုရှည်စေနိုင်ကြောင်းဆိုခဲ့တယ်လို့ သတင်းစာက ရေးသားခဲ့ပါတယ်။
ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် စစ်ဆင်ရေးကို အနည်းဆုံး နှစ်လကြာသည့်တိုင်အောင် မစတင်နိုင်သေးပါဘူးလို့ တာဝန်ရှိသူများက ပြောကြားထားပြီး ငတ်မွတ်ခေါင်းပါးမှု ပျံ့နှံ့နေသည့် ဂါဇာရှိအရပ်သားများအား အကူအညီပေးရန် အချိန်ပိုလိုအပ်တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့လ ဝန်ကြီးအစည်းအဝေးမှာလည်း နေတန်ယာဟုနဲ့ ဇာမာတို့ကြား သဘောထားရေးရာ ဆွေးနွေးမှုက တင်းမာမှု ရှိခဲ့ပါတယ်။
အချို့သော အရန်တပ်အရာရှိများက အစိုးရရဲ့ အစီအစဉ်ကို စိတ်ပျက်နေကြောင်း၊ စစ်တမ်းများအရ အောင်ပွဲအတွက် ရှင်းရှင်းလင်းလင်း ဗျူဟာမရှိခြင်းကြောင့် သိသိသာသာ မကျေနပ်မှုများရှိကြောင်း၊ ဟားမတ်စ်တွေက ဓားစာခံတွေကို လွှတ်ပေးဖို့ သိသိသာသာ ဖိအားတွေ သက်ရောက်စေမယ့်အရာ မရှိကြောင်း တိုက်ခိုက်ရေး အရန်တပ်သားတစ်ဦးက ဆိုသွားပါတယ်။
အစ္စရေးသည် ပြီးခဲ့သောလတွင် ဂါဇာမြို့တော်၏ နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ပြီး အရပ်သား ဒေသများအောက်ရှိ ဟားမတ်စ်တွေရဲ့ မြေအောက် ကွပ်ကဲမှုစင်တာများ၊ လက်နက်သိုလှောင်ရုံများနှင့် ဥမင်လိုဏ်ခေါင်းကွန်ရက်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အဆောက်အအုံပေါင်း ၁,၀၀၀ ကျော် ဖြိုချလိုက်တဲ့ အတွက်ကြောင့် အပျက်အစီးများအောက်တွင် လူထောင်နှင့်ချီ ပိတ်မိနေပြီး နေအိမ်များ မရှိဘဲနေထိုင်ရတဲ့သူတွေ များလာကြောင်း ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment