ကြံခင်း၊ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများရှိ လူဦးရေစာရင်းမှန်ကန်တိကျစေရေးအတွက် ယနေ့နက်ပိုင်းမှစ၍ လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ ပူးပေါင်း ၍ မြေပြင်လူဦးရေစာရင်းအား (ပဥ္စမအကြိမ်) ကွင်းဆင်းတိုက်စစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ပါဝင်သော အဖွဲ့(၂၁)ဖွဲ့ဖြင့် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများရှိ နေအိမ်များအရောက် ပုံ(၆၆/၆)ရှိ အသက်(၁၈)နှစ်အထက် လူဦးရေစာရင်း၊ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင် ခြင်းရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်း စာရင်းများအတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင် တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်း လုပ်ငန်းများအား ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများဖြင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရးကောမတီအဖွဲ့ဝင် များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment