တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီယားတို့က အမေရိကန်ကိုဆန့်ကျင့်ဖို့ ပေါင်းကြံနေကြတယ်လို့ ထရမ့်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီယားတို့က အမေရိကန်ကိုဆန့်ကျင့်ဖို့ ပေါင်းကြံနေကြတယ်လို့ ထရမ့်ဆို


စက်တင်ဘာ - ၃ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့က အမေရိကန်ကို ဆန့်ကျင်ဖို့ “ပူးပေါင်းကြံစည်” နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်တွင် ဂျပန်ကို အောင်ပွဲခံသည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား အတွက် ထရမ့်က သူ့ရဲ့ ဆိုရှယ် ပလက်ဖောင်း ဖြစ်တဲ့ ထရု့သ် မှာ အဲ့ဒိမှတ်ချက်ကို ရေးတင်ခဲ့တာပါ။ 

"အောင်ပွဲနဲ့ ဂုဏ်ကျက်သရေအတွက် တရုတ်ရဲ့ကြိုးပမ်းမှုမှာ အမေရိကန်တွေ အများကြီး သေဆုံးသွားခဲ့ရတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုအတွက် မှန်ကန်စွာ ဂုဏ်ပြုအောက်မေ့ဖို့ မျှော်လင့်ပါတယ်။ အမေရိကန် ပြည်ထောင်စုကို ဆန့်ကျင်ဖို့ ကြံစည်နေတဲ့ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံအန်တို့ကိုလည်း ကျေးဇူးပြုပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်ပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။  

တရုတ်သမ္မတ ရှီကျင့်ဖျင် ကတော့ "ကြီးကျယ်ခမ်းနားပြီး အဓွန့်ရှည်တဲ့ ဂုဏ်ပြုတဲ့နေ့" ဖြစ်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။ 

ထရမ့်သည် ဆယ်စုနှစ်များအတွင်း အကြီးဆုံးလို့ ယူဆရတဲ့ ဘေဂျင်းရှိ အခမ်းအနားသို့ မတက်ရောက်ခဲ့ပေ။ တရုတ်နှင့် ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ၊ ပိတ်ဆို့မှုများနှင့် ယူကရိန်းပဋိပက္ခများကြောင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေဆဲဖြစ်ပါတယ်။

တနင်္လာနေ့က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ရှီက “စစ်အေးတိုက်ပွဲ စိတ်ဓာတ်” ကို အဆုံးသတ်ရန်နှင့် နိုင်ငံတကာဆက်ဆံရေး “သာတူညီမျှ” စနစ်တစ်ခု တည်ဆောက်ရန် ၎င်းရဲ့ တောင်းဆိုချက်ကို အသစ်တဖန် တောင်းဆိုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)