မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ကို တက်ရောက်လာသည့် လူငယ်များ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ကို တက်ရောက်လာသည့် လူငယ်များ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်











ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ကို တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်အဖွဲ့များ၊ အုပ်ချုပ်မှုအဖွဲ့ (၄၇၅)ဦးတို့သည် နံနက် (၅)နာရီ (၄၅)မိနစ်တွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှတက်ရောက်ပြီး ရာဟုထောင့် အောင်မြေတွင် ဘုရားဝတ်ပြုကာ စေတီတော်ကြီးအား လက်ယာရစ်ပူဇော်၍ နံနက် (၆)နာရီ (၃၀)မိနစ်တွင် အနောက်ဘက် စောင်းတန်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

ရန်ကုန်မြို့၊ MCC ခန်းမတွင် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ကို ကျင်းပနေခြင်း ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဦးဆောင်ကျင်းပနေခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)