မန္တလေး၊ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသ ကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ကမိတ္ထီလာ ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် MSMEလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာ မြေပဲစိုက် ခင်းသို့ ရောက်ရှိပြီး တောင်သူ ဦးမြင့်ငွေ၏ စိုက်ကွင်းတွင် တောင်သူများ နှင့်တွေ့ဆုံ၍ စပါးအပါအဝင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ ရေး၊ မျိုး၊ မြေ၊ ရေ ၊ နည်း နည်းလမ်းများ မှန်ကန် တိကျလိုက်နာ ကျင့်သုံး သွားရေး လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များကို ယုံကြည်မှု အပြည့်ဖြင့် အသုံးပြုသွားရေး၊ စိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ပညာရှင်များနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ နည်းလမ်း များ ရှာဖွေသွားရေးကိုလည်းကောင်း၊ တောင်သူများအတွက် သွင်းအားစု များ ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း ပြောကြားပြီး တောင်သူများ၏ တင်ပြမှုများအပေါ်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ဝမ်းတွင်းမြို့ညီနောင်ရပ်၊ဝမ်းတွင်း(၂)ရပ်ကွက်ရှိ သဇင်ဖြူ ဆေးဆိုးပန်းရိုက်လုပ်ငန်း နှင့် ရွှေအိုးအထည်စက်လုပ်ငန်းများသို့ ရောက်ရှိ ပြီးလုပ်ငန်းရှင်များမှရှင်းလင်းတင်ပြမှုများအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ် ကလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် MSME လုပ်ငန်းများဖြစ်သည့် သဲတော(၁)ရပ်ကွက်ရှိ ဝင်းပဲကြော်လုပ်ငန်းသို့ လည်းကောင်း၊ ဖိုးထောင်ပဲကြော်လုပ်ငန်းသို့ လည်းကောင်း သွားရောက်ပြီး လုပ်ငန်းများဖြစ်ထွန်းအောင်မြင်နေမှုများ ကို လိုက်လံကြည့်ရှုကာ လုပ်ငန်းရှင်များမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ သာစည်မြို့နယ် လှိုင်းတက်ကျေးရွာရှိ ဒဂုန်စား သောက်ကုန်နှင့် စည်သွပ်စက်ရုံ (လှိုင်းတက်) သို့ရောက်ရှိပြီး ဆီးသီး၊ နာနတ်၊ စတော်ဘယ်ရီ၊ သရက်သီး တို့အား ဖျော်ရည်၊ ယိုနှင့် စည်သွပ်ဘူး များ ထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးပြီး လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာသို့ သွားရောက်ပြီး ကုန်စည် စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ လွယ်ကူသက်သာ စွာသွားလာနိုင်ရေး နှင့် ယာဉ်ပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးအတွက် X-Ray တိုးချဲ့တပ်ဆင်ဆောင်ရွက်ထားပြီး လုပ်ငန်းများလည်ပတ်နေမှု အခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment