မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ




မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် တာဝန်ကျ ဌာနဆိုင်ရာများပူးပေါင်း၍  ယမန်နေ့ကနံနက်ပိုင်းက ကျောက်ရေတွင်းရပ်ကွက်၊ လေဆိပ်လမ်းရှိ မိသားစုဓမ္မာရုံ နှင့်ဇောတိကလမ်းရှိ ဇောတိကဓမ္မာရုံ၌ ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးဝေလင်း နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကအမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက   မြန်မာအီလက်ထရောနစ်မဲပေးစက်  အကြောင်း သိကောင်းစရာများ ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်စမ်းသပ်မဲပေးမှု   အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာအ သီးသီးမှတာ၀န်ရှိသူများ ၊မြို့နယ်‌‌ ရွေးကောက်ပွဲ ကော်မရှင် မှဦးစီးအရာရှိနှင့်ဝန်ထမ်းများ ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ၊  အတွင်း ရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ  မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၁၅၃၇)ဦးခန့်မှ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)