ပေါင်၊ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မဲစာရင်းများကပ် ထားကြေငြာခြင်းနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်ကျေးရွာစာရေးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာမြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲဥက္ကဌ ဦးနေမျိုးက ပေါင်မြို့နယ်အနေဖြင့် ဒုတိယ အကြိမ်ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်တဲ့အတွက် မဲပေးပုံစံစနစ်ရှိဖို့ လိုအပ်ပါကြောင်း ယခုရွေးကောက်ပွဲကို ၂၀၂၆ ခုနစ်၊ဇန်နဝါရီလဆန်းမှာပြုလုပ်သွားမှာ ဖြစ်ပါကြောင်း၊ရွေးကောက်ပွဲမဲစာရင်းများကို စက်တင်ဘာလ(၂၉)ရက်နေ့မှ အောက်တိုဘာလ(၁၂)ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာများ တွင် ကပ်ထားကြေငြာသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်ကမဲစာရင်းများကပ်ထားကြေငြာချိန်တွင် ဆောင်ရွက်မည့်ပုံစံများကို အကျယ်တဝင့်ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မတီဝင်များနှင့် ရပ်ကွက်/ ကျေးရွာမှ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိများက သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment