ကျောက်ဆည်မြို့၌ ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်အဆင့် (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့၌ ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်အဆင့် (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ကျောက်ဆည်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်(ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊  ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအတွင်း​ရေးမှူး ဦးထိုက်ထိုက်‌ဇော်နှင့် ဆင်အကအလှပြိုင်ပွဲ လုပ်ငန်းဆပ်ကော်မတီ အသီးအသီးက ဆင်ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ ကဏ္ဍများအလိုက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ပြန်လည်တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများအပေါ် သန့်ရှင်းသာယာလှစေရေး၊ ဒိုင်အဖွဲ့များစနစ်တကျဖွဲ့စည်းရေး၊ ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲကို ဌာနဆိုင်ရာများ၊ မြို့မိ၊မြိုဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များပူးပေါင်း၍ ဂုဏ်ပြုဆင်(၂)စီးနှင့်အတူဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာဆင်(၅)စီး၊ ကလေးဆင်(၄)စီး၊ သဘာဝတီထွင်ဆန်သစ်မှုဆင်(၂)စီး စုစုပေါင်းဆင်(၁၄)စီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆင်ပြိုင်ပွဲတော်ကြီးစည်းကားသိုက်မြိုက်စေရေး ဖျော်ဖြေရေး ဆင်(၅၄)စီးမှလည်း မြို့မဈေးကြီးအား(၃)ပတ်လှည့်လည်ပြီး ခေတ်ပေါ်တေးသီချင်းများ၊ သံစုံတီးဝိုင်းများနှင့်အတူ ကပြဧည်ခံဖျော်ဖြေသွားမည်ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)