တနင်္သာရီမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 


တနင်္သာရီ   ၊  စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ နံနက် ၉ နာရီက အ-ထ-က(တနင်္သာရီ)ကျောင်းအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားကော်မတီ နာယက ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။ ဆက်လက်၍ အ-ထ-က(တနင်္သာရီ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက Fitness Dance အကဖြင့် ကပြဖျော်ဖြေခဲ့ကြ၍ ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ သည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ပြိုင်ပွဲဝင်စုစုပေါင်း (၁၉၀)ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အားကစားပြိုင်ပွဲများမှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်ကာ အားကစားပြိုင်ပွဲကို စက်တင်ဘာလ (၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ/မနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သီသီခိုင်(တနင်္သာရီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)