မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ အောင်ပွဲရတပ်မတော်သားများအား စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ အောင်ပွဲရတပ်မတော်သားများအား စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား တက်ရောက်









မော်လမြိုင်၊ စက်တင်ဘာ ၁၁

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် အောင်ပွဲရတပ်မတော်သားများအား မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများနှင့် ဝန်ထမ်းမိသားစုများ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ထားသည့် ငါးခြောက်ကြော်၊ ဘာလချောင်ကြော်များနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အောင်ပွဲရ တပ်မတော်သားများအတွက် ငါးခြောက်ကြော်ဘူး၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး၊ ငါးပိထောင်း၊ မုန့်ကြွပ်၊ ကော်ဖီမစ်ထုပ်၊ ဆေးလိပ် စသည့်ပစ္စည်းအမယ်(၇)မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် (၂၈၅၂)သိန်းတန်ဖိုးရှိ ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဌေးလွင်ဦးထံ ပေးအပ်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)