မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့ဝင်များအတွက် စားပွဲခုံ နှင့်ပလက်စတစ်ထိုင်ခုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန် မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ယခု ထောက်ပံ့ပေးသာ စားပွဲခုံ နှင့် ပလက်စတစ်ထိုင်ခုံများအား ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှူ ဖြင့်ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း နှင့် စနစ်တကျ သုံးစွဲရန်လိုအပ်ကြောင်းစသည့် တို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့ဝင်များထံသို့ စားပွဲခုံ(၁၁)လုံး နှင့် ပလက်စတစ်ထိုင်ခုံ ၅၀ ခုံအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များက ထောက်ပံ့ပေး အပ်ခဲ့ကြရာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ အဖွဲ့၀င်များ နှင့် တာ၀န်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment