ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ ကျိုးပေါက်ခြင်းများဖြင့် တစ်ဦးတစ်ယောက်ခြင်းထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း။
တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဂိတ်များ တရားဝင်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တိုက်တွန်းပြောဆိုလျက်ရှိကြောင်း၊ နယ်စပ်ဂိတ်များတရားဝင်ဖွင့်လှစ်နိုင်မှုမရှိဘဲ တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်နေခြင်းသည် ကျားသေကိုအသက်သွင်းခြင်း၊ သူခိုးဓားရိုးကမ်းခြင်းပင်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်တားဆီးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက်ကိုင်တွယ်ကြပ်မတ်သွားရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများရှိနေသရွေ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး ခက်ခဲနေမည်ဖြစ်သဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်တားဆီးရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
မူးယစ်ဆေးဝါးနှင့်ပတ်သက်လည်း ဖော်ထုတ်ဖမ်းဆီးရမိမှုများ များပြားနေဆဲဖြစ်ပြီး ထုတ်လုပ်မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမရှိစေရေး ဖော်ထုတ်တားဆီးနှိမ်နင်းသွားကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမလုပ်ဆောင်နိုင်မှသာလျှင် ဖြန့်ဖြူးမှုနှင့်ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ အွန်လိုင်းလိမ်လည်မှုများကိုလည်း တားဆီးနှိမ်နင်းသွားကြရန်လိုကြောင်း။
မိမိတို့အားလုံးသည် နိုင်ငံ့တော်ကို ကောင်းမွန်တိုးတက်အောင် ရည်ရွယ်ဆောင်ရွက်နေကြသူများဖြစ်သဖြင့် ရည်မှန်းချက်များအောင်မြင်စေရေး အားလုံးက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံသူနိုင်ငံသားများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချပေးနိုင်ရေး အာရုံစိုက်၍ အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အရေးကြီးသည်မှာ နိုင်ငံ၏ စီးပွားရေးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(၁၂-၉-၂၀၂၅ ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ဖော်ပြသည်။)
https://t.me/MyanmarNationalPost





No comments:
Post a Comment