SCO အစည်းအဝေးနှင့် GGI အချက်(၅)ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SCO အစည်းအဝေးနှင့် GGI အချက်(၅)ချက်




မိမိတို့နိုင်ငံသည် SCO အဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus) သို့ တက်ရောက်ခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ၎င်းအဖွဲ့သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကဦးဆောင်၍ ဒေသတွင်းလုံခြုံရေးအတွက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် နိုင်ငံများစွာပါဝင်လာပြီး လုပ်ငန်းပမာဏသာမက အင်အားကြီးမားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာသည်ကိုလည်း တွေ့ရှိရကြောင်း။

SCO အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ လေ့လာသူနိုင်ငံများပါဝင်သည်ကို တွေ့ရကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများအားလုံး၏ GDP မှာ ၃၀ ဒသမ ၁၇၁ ထရီလီယံ ရှိသည်ကိုတွေ့ရကြောင်း၊ ထိုအထဲတွင် GDP အမြင့်ဆုံးမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ SCO အဖွဲ့၏ စုစုပေါင်းလူဦးရေမှာလည်း ၃ ဒသမ ၉၀၅ ဘီလီယံရှိသည်ကိုတွေ့ရကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် လေ့လာဖက်နိုင်ငံများအားလုံးတွင် စက်မှုလုပ်ငန်းဆောင်ရွက်သည့်နိုင်ငံများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်သည့်နိုင်ငံများ၊ သယံဇာတပစ္စည်းများကြွယ်ဝသည့်နိုင်ငံများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကြွယ်ဝသည့်နိုင်ငံများ စသည့်နိုင်ငံများ အသီးသီးပါဝင်သကဲ့သို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံများပါဝင်ပြီး ဘာသာပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကဏ္ဍပေါင်းစုံပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် မိမိတို့ နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် များစွာကျိုးရှိမည်ဖြစ်ကြောင်း။

ကမ္ဘာပေါ်၌ အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့မလိုလားသော နိုင်ငံများ၊ အစိုးရများအပေါ် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဘဏ္ဍာရေးအရ၊ အုပ်ချုပ်ရေးအရ ဖိနှိပ်မှုများနှင့် ခွဲခြားဆက်ဆံမှုများရှိကြောင်း၊ ၎င်းကိစ္စများအား နိုင်ငံတကာအဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်ဆံရေးတိုးမြှင့်သွားရန်လိုကြောင်း။


(၁၂-၉-၂၀၂၅ ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ဖော်ပြသည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)